ရန်ကုန်သင်္ကြန် အကြတ် တုတ် ဓား လက်နက် ၁၀၀ ကျော် သိမ်းဆည်း

  • 16 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Yangon Police
Image caption အရှေ့ပိုင်းခရိုင်အတွင်း မဏ္ဍပ်တွေမှာ ရေလာကစားသူတွေထံက အရက်ပုလင်းမျိုးစုံ ၁၆၀ ပုလင်း ၊ မျက်နှာဖုံးစွပ် ၅၆ ခု စပရေးဘူးတွေအပြင် တုတ် ဓားလက်နက် ၉ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့

သင်္ကြန်အကြတ်နေ့ဖြစ်တဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ရန်ကုန်တိုင်းမှာရှိတဲ့ ရေကစားမဏ္ဍပ်တွေမှာ ရေလာကစားသူတွေဆီကနေ တုတ် ၊ ဓား ဝက်အူလှည့် အပါဝအင် လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အရှေ့ပိုင်းခရိုင်အတွင်း မဏ္ဍပ်တွေမှာ ရေလာကစားသူတွေထံက အရက်ပုလင်းမျိုးစုံ ၁၆၀ ပုလင်း ၊ မျက်နှာဖုံးစွပ် ၅၆ ခု စပရေးဘူးတွေအပြင် တုတ် ဓားလက်နက် ၉ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ Yangon police Facebook မှာ ဖော်ပြထားပါတယ်။

အနောက်ပိုင်းခရိုင်မဏ္ဍပ်တွေကနေလည်း မျက်နှာဖုံးစွပ် ၁၂၆ ခု ၊ စပရေးဘူး ၅၇၇ ဘူး ၊ အရက်ပုလင်းမျိုးစုံ ၅၆၅ ပုလင်း ၊ တုတ် ဓား ၊ လက်နက်၁၄ ချောင်း ၊ တောင်ပိုင်းခရိုင်ကနေ အရက် ၆၅ ပုလင်း မျက်နှာဖုံးစွပ် ၇၆ ခု ၊ စပရေးဘူး ၂ ဘူးနဲ့ တုတ်ဓားလက်နက် ၂၁ ချောင်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။

မြောက်ပိုင်းခရိုင်က သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ ဝက်အူလှည့်က အချောင်း ၅၀ ကျော်ပါဝင်ပြီး တုတ်ဓားလက်နက် ၁၈ ခု ၊ မျက်နှာဖုံးစွပ် ၁၆၅ ခုနဲ့ စပရေးဘူး ၄ ဘူး ပါဝင်ခဲ့တယ်လို့ Yangon Police Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Yangon Police facebook
Image caption သင်္ကြန်ရေပက်ခံကားတွေကို လုံခြုံရေးအရ စစ်ဆေးနေစဉ်

ဆက်စပ် အကြောင်းအရာများ