ရှေ့နေဦးကြည်ဝင်း ကွယ်လွန်

  • 25 ဧပြီ 2018
Image caption အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေကြီး ဦးကြည်ဝင်း

အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်ဖြစ်သူ အသက် ၈၆ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်း ဟာ လူကြီးရောဂါနဲ့ ဒီကနေ့ ဧပြီ၂၄ရက် မနက် ၄ နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ရှေ့နေကြီး ဦးကြည်ဝင်းဟာ အသက် ၈၆ နှစ်ရှိပါပြီ။

FMI အိမ်ရာမှာရှိ သူ့အိမ်မှာပဲ ဦးကြည်ဝင်းဟာ ငြင်သာစွာကွယ်လွန်ခဲ့တယ်လို့ ဦးကြည်ဝင်းနဲ့ ခမည်းခမက်တော်သူ ဦးစိုးသိမ်းက ဘီဘီစီကို ပြောပါတယ်။

သင်္ကြန်တွင်းလောက်ကတည်းက ရှေ့နေကြီးဦးကြည်ဝင်းဟာ အားနည်းနေခဲ့ပေမယ့် အထွေအထူးရောဂါ ဝေဒနာတခုခုကိုခံစားနေရတာ မရှိဘူးလို့ ဆိုပါတယ်။ ကွယ်လွန်မယ့် နေ့မတိုင်ခင်ညက ည၁၀ နာရီလောက်မှာ အိပ်ရာဝင်သွားခဲ့ပြီး မနက် ၅ နာရီလောက်မှာ ကွယ်လွန်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။

ရှေ့နေဦးကြည်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံမြေအမှု၊ ဒေါ်အောင်ဆန်းစုကြည့်ခြံထဲကို အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရေကူးဝင်ရောက်ခဲ့တဲ့အမှုတွေ အပါအဝင် ဒီချုပ်ပါတီဝင်တွေနဲ့ အစိုးရဖြစ်တဲ့ အမှုတွေမှာ ရှေ့နေလိုက်ပေးခဲ့ပါတယ်။

သူ့ရဲ့ဈာပနကို ဧပြီ ၂၉ ရက်နေ့မှာ လုပ်မယ်လို့ မိသားစုဝင်တွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပါတယ်။