နိုင်ငံခြား ဘာသာစကားသင် ကျောင်းတွေကို ထိုင်းရဲ၀င်စီးနင်း

  • 26 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Tourist Police Bureau
Image caption ထိုင်းရဲတွေက နိုင်ငံခြားသားတွေ ရှိရာ ဘာသာစကားသင် ကျောင်းတွေကို စီးနင်း

ထိုင်းနိုင်ငံမှာ နိုင်ငံခြား သာသာ စကားသင်တဲ့ ကျောင်း အများစု အပါအဝင် နေရာ ၁၁၈ နေရာကို ထိုင်းရဲ ကနေ ဝင်ရောက် စီးနင်းပြီး နိုင်ငံခြားသား ၉၉ ဉီးကို ဖမ်းဆီးမိလိုက် ပါတယ်။

X ray outlaw foreigner စီမံချက်လို့ ခေါ်တဲ့ ဒီဖမ်းဆီး မှုမှာ ဖမ်ဆီးခံရသူ အများစုက မြန်မာ အိန္ဒိယနဲ့ ဂျာမနီ နိုင်ငံသားတွေ အများစုလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းကလည်း ဘန်ကောက်မြို့မှာ ၇၅ယောက် အဖမ်းခံရပြီး ဖမ်းတဲ့ကျောင်းတွေက နိုင်ငံတကာ အဆင့်ကျောင်း မဟုတ်ပေမယ့် ဘာသာစကား သင်တဲ့ နိုင်ငံခြား ကျောင်း အမည်ခံ ကျောင်းတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအ လုပ်သမားတွေ အတွက် ကျောင်းဖွင့်ပေးထားတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ရဲ့ ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

အဖမ်းခံရတဲ့ ဘာသာစကားသင် ကျောင်းတွေဟာ ထိုင်းအစိုးရ ဥပဒေတွေကို လိုက်နာမှု မရှိလို့ အဖမ်းခံရတာ ဖြစ်ပြီး အဖမ်းခံတဲ့ သူတွေထဲမှာ ရာဇဝတ်မှု ကျူးလွန်ဖူးသူတွေ ၊ မူးယစ်ဆေးဝါးမှု ကျူးလွန်ဖူးသူတွေနဲ့ လူမှောင်ခို မှုနဲ့ ကျူးလွန်ဖူးသူတွေတောင် ပါသလို တချို့ ကျောင်းတွေ ဆိုရင် လိုင်စင် မရှိဘဲ အဲဒီမှာ ကပ်နေတဲ့ နိုင်ငံ ခြားသားတွေ ဖြစ်တဲ့ အပြင် နိုင်ငံတကာ ရာဖဝတ်မှုနဲ့ ဝရမ်းထုတ်ထားခံရသူတွေတောင် ပါတယ်လို့ သူက ဆိုပါတယ်။

အဖမ်းခံရသူတွေထဲ မြန်မာတွေလည်း ပါဝင်ပြီး အကြောင်းကတော့ မြန်မာတွေက အင်္ဂလိပ် ဘာသာ တက်မြောက်မှု ပိုအားကောင်းသလို တက္ကသိုလ်ကြီးတွေမှာ မဟုတ်ရင်တောင် ဒီလို ကျောင်းလေးတွေမှာ အလုပ်၀င်လုပ်နေသူတွေ အများအပြား ရှိတာကြောင့် အခုလို အဖမ်းခံရတာလို့ သူက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံ တလွှားမှာ ရွှေ့ပြောင်း လုပ်သား ကလေးတွေ အတွက် ဖွင့်ထားတဲ့ တနိုင်တပိုင်ကျောင်းတွေ ရှိပြီး ဒီကျောင်းတွေ အတွက် စိုးရိမ်ရသလို တကယ်လို့ လာဖမ်းရင် ထိုင်းဥပဒေနဲ့ ဘောင်ဝင်အောင် ပြင်ထားသင့်တယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအ လုပ်သမားတွေ အတွက် ကျောင်းဖွင့်ပေးထားတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ရဲ့ ဒါရိုက်တာ ဦးထူးချစ် က ပြောသွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ