အမေရိကန်သူကို မုဒိမ်းကျင့်တယ်ဆိုပြီး မြန်မာ ၃ ဦး ဖမ်းဆီးခံရ

  • 29 ဧပြီ 2018
Image caption ထိုင်းနိုင်ငံမြောက်ပိုင်းကို လာလည်တဲ့ အမေရိကန်နိုင်ငံသူတဦး အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး မြန်မာ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား

ထိုင်းနိုင်ငံမြောက်ပိုင်းကို လာလည်တဲ့ အမေရိကန်နိုင်ငံသူတဦး အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး မြန်မာ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မုဒိန်းမှုဖြစ်ပွားတာက ချင်းမိုင်ခရိုင် ဒွိုင်စကေစ်မြို့က ဘီယာဆိုင်တဆိုင်နားမှာ ဧပြီလ ၂၇ ရက်နေ့ ညက ဖြစ်ပွားခဲ့တာပါ။

အမေရိကန်နိုင်ငံသူ တဦးဟာ ဘီယာဝင်သောက်ရင်း ဘီယာဆိုင်မှာ ထိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးနဲ့ စကားလက်ဆုံကျခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအနောက်အချိန်ပိုင်းလေးအတွင်းမှာ မုဒိမ်းမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဘီယာသောက်နေရင်း အမျိုးသမီးက အပေါ့သွားချင်လို့ထွက်သွားတယ်။ သူ့နောက်က မြန်မာနိုင်ငံသား ၃ ဦးက လိုက်သွားပြီး မုဒိမ်းကျင့်တယ်လို့ ရဲစခန်းမှာ ထွက်ချက်ပေးထားကြောင်း ဒွိုင်စကယ်မြို့က ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

အချိန်ပိုင်းအတွင်းမှာပဲ အသက် ၃၇ နှစ် စိုင်းနွဲ့ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး သူကလိုက်ပြလို့ နိုင်ဒမ်နဲ့ နိုင်ဒင်ဆိုသူ နှစ်ဦးကို သူတို့ အလုပ်လုပ်တဲ့ လုပ်ငန်းခွင်နားမှာ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုထိ ကျွန်တော်တို့ဆီအကူအညီတောင်းခံလာတာ မရှိသေးဘူး သတင်းတွေအရတော့ မုဒိန်းကျင့်တာကို သူတို့ ဝန်ခံထားပြီး ဧပြီ ၃၀ ရက်နေ့ ဆိုရင် ကျွန်တော်တို့လည်း သွားစုံစမ်းမှာဖြစ်ပြီး မဟုတ်ဘဲနဲ့ဖမ်းဆီးထားတာဆိုရင် ကာကွယ်ပေးရမှာဖြစ်တယ်လို့ ချင်းမိုင်အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံသား ဂေါ်ရခါးလူငယ်အစည်းအရုံး အတွင်းရေးမှူး ကိုဂျော်နီက ပြောပါတယ်။

ချင်းမိုင်ဟာ နိုင်ငံခြားသားတွေ အသွားအလာများတဲ့မြို့သလို လူစုံပေမဲ့ ပြဿနာများဘဲ အသေးအဖွဲ့တွေသာ ရှိတတ်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

အခုအမှုဖြစ်ပွားတဲ့ ဒွိုင်စကေစ့် မြို့မှာ အရင်က မုဒိမ်းမှုဖြစ်ပွားခဲ့ဖူးခြင်းမရှိဘဲ ဒီအမှုဟာ ပထမဆုံးအမှုဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ