အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး မြန်မာပြည်ရောက်

  • 10 မေ 2018
ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption သမ္မတ ဦး၀င်းမြင့်နဲ့ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီး

မေလ ၁၀ ရက်နေ့က မြန်မာပြည်ကို ရောက်ရှိလာတဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဆူရှမာ ဆွာရာ့ဂျ် ဟာ အိန္ဒိယ မြန်မာကြား ကုန်သွယ်မှု ရင်းနှီးမြုပ်နှံမှုနဲ့ အကူညီပေးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည် မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် အဆောက်အအုံတွေ ဆောက်လုပ်မယ့် ကိစ္စ၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ ပုဂံဘုရားတွေ ပြုပြင်မွမ်းမံဖို့ အိန္ဒိယက ကူညီမယ့် အစီအစဉ် အပါအဝင် စက်မှုလက်မှု ကျောင်းတွေ ဆောက်လုပ်ဖို့နဲ့ မြန်မာ နိုင်ငံခြားရေးဌာနမှာ သံတမန် သင်တန်း တည်ထောင်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

အဲဒီ့ ကိစ္စရပ်တွေကိုလည်း နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ MOU ထိုးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး နိုင်ငံရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး ဆွေးနွေး

အိမ်မပြန်နိုင်တဲ့ အိန္ဒိယ မြန်မာများ

၅ နှစ် အတွင်း ဒေါ်လာ ၂၅ သန်းဖိုး ပေးသွားမယ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းပေါ်က နန်းတော်

နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဟာ မေလ ၁၀ ရက်နေ့ ညနေပိုင်းမှာ မြန်မာ သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာအိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် အရေးနဲ့၊ ကုန်သွယ်မှု ကဏ္ဍ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ မြန်မာ သမ္မတ ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ အိန္ဒိယ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်ခဲ့ပြီး မနှစ် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ