ငြိမ်းချမ်းရေး အတွက် ဆန္ဒပြသူတွေ ငြိမ်းစုစီ နဲ့ အမှုရင်ဆိုင်ရ

  • 13 မေ 2018
Image caption ထောင်ဒဏ်တလနဲ့ တသောင်းထက်မပိုတဲ့ ငွေဒဏ် ကျခံရမှာဖြစ်

မေလ ၁၂ ရက်နေ့တုန်း က တာမွေ အိုးရှင်း ဈေးဝယ် စင်တာ ရှေ့မှာ စစ်ပွဲရပ်စဲရေး ဆန္ဒပြသူ အချို့ ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး မေလ ၁၃ ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီလို ဖမ်းဆီးခံရသူတွေကို့ဗဟန်းရဲစခန်းကနေ ငြိမ်းစုစီ ပုဒ်မ ၂ဝနဲ့ တရားစွဲဆိုခဲ့ပြီး ဖမ်းခံထားသူရှစ်ဦးစလုံးကို အာမခံနဲ့ လွှတ်ပေး ခဲ့တာပါ။

ငြိမ်းစုစီ ပုဒ်မ ၂ဝကတော့ ပထမအကြိမ်ကျုးလွန်တယ်ဆိုရင် ထောင်ဒဏ်တလနဲ့ တသောင်းထက်မပိုတဲ့ ငွေဒဏ် ကျခံရမှာဖြစ်ပြီးတော့ ဒုတိယကြိမ်ဆိုရင်တော့ ထောင်ဒဏ်သုံးလ နဲ့ ငွေသုံးသောင်း ပေးဆောင်ရမယ့် ပုဒ်မ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံတာကနေ လွတ်လာတဲ့ ဆန္ဒပြသူ ရှစ်ယောက်ထဲ က တစ် ယောက်ဖြစ်တဲ့ မခင်စန္ဒာထွန်းက တော့ အဖမ်းခံပါမယ် ပြောပေမယ့် မိန်းကလေး တစ်ယောက် ကို မပြုမူ သင့်တဲ့ ကိစ္စမျိုး တွေ အထိ ဖမ်းဆီး သူတွေ ဘက် က ကျူးလွန် ခဲ့တယ်လို့ အဖမ်းခံခဲ့ရတဲ့အခြေအနေကို ပြောပြပါတယ်။

ဖမ်းဆီခေါ်ဆောင်စဉ်မှာ လုံခြုံရေးရဲတွေသာမက အရပ်ဝတ်လူတချို့ကပါ ဝင်ပြီး တွန်းထိုးရိုက်နှက်တာ တွေကို လုပ်ခဲ့တယ်လို့လည်း ဆန္ဒပြသူတွေ က ပြောပါတယ်။

အရပ်ဝတ် နဲ့ လူတွေက သူတို့ကိုယ် သူတို့ တာဝန်သိ ပြည်သူတွေ ပြီးတော့ တန်ပြန် ဆန္ဒပြသူတွေ လို့ ပြောဆို ခဲ့ကြောင်း ငြိမ်းချမ်းရေး အတွက် ဆန္ဒ ပြသူ တွေက ပြောပါတယ်။

Image caption စစ်ပွဲရပ်စဲရေး ဆန္ဒပြ

သတင်းထောက်တချို့လည်း အဲဒီချိန်က အရပ်ဝတ်တွေနဲ့ ရဲတွေရဲ့ တွန်းထိုး ရိုက်နှက်ခံရတာတွေရှိခဲ့တာကြောင့် သတင်း သမား တွေ ကို အကာအကွယ် ပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ ကနေ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလူတွေဟာ ပွဲမစခင်က ရောက်နေတာဖြစ်ပြီးတော့ ဒီလူတွေလုပ်ဆောင်ချက်အပေါ် ရဲတွေဘာကြောင့် အရေးမယူသလဲလို့ အဲဒီချိန်က ဆန္ဒပြပွဲကို စီစဉ်သူလဲဖြစ်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူ မသဉ္ဖာရွှန်းလဲ့ရည် က မေးခွန်းထုတ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗြိတိန် သံအမတ်ကြီးနဲ့ ဘီဘီစီ သီးသန့်တွေ့ဆုံခန်း

ဖမ်းဆီးခေါ်ဆောင်ခံရစဉ်မှာ အကြမ်းဖက်ဖမ်းဆီးတာတွေကြောင့် ဖမ်းခံရသူတွေအနက် ကိုတင်ထွတ်ပိုင် ၊ ကိုဇေယျာလွင်နဲ့ ကိုမြတ်ကျော် အပါအဝင် ဖမ်း ခံရသူ တချို့ဟာ ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်နေတယ်လို့ ကိုတင်ထွတ်ပိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီလို ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲချိန်မှ ရဲဘက်က ဝင်ပြီးဖမ်းဆီးခဲ့တာအပြင် အရပ်ဝတ်လူတချို့က ထိုးကြိတ်တာတွေကို မျက်မြင်တွေ့ခဲ့ရသူတွေက ဒီ အဖြစ်အပျက် အပေါ်မှာ ဝေဖန် နေကြပါတယ်။