နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2010 - 18:55 GMT

လျှော်ကန်သင့်မြတ်လှကြောင်းပါ (အပိုင်းနှစ်)

မီဒီယာ ပလေးယား

အိမ်ပြိုကျပြီး သူခိုးသေရအောင် ဖြစ်လာရတဲ့ အကြောင်းရင်းအတွက် တရားခံကို အမတ်ကြီးက လိုက်ရှာရင်း၊ ရှာပုံတော်က နန်းတော်ထဲအထိ ရောက်ပြီး ဘုရင့်သမီးတော်ဆီ ဦးတည်လာပါတယ်။

သမီးတော်ကို အထိမခံနိုင်တဲ့ မင်းတရားကြီးကတော့ တရားခံရှာဖို့ ဘေးလောင်းတော် ဘိုးလောင်းတော်တွေဆီက အမွေဆက်ခံလာတဲ့ နတ်မင်းကြီးတွေ စောင့်တယ်ဆိုတဲ့ သံကွင်းကြီးကို ထုတ်လာပါတယ်။

သံကွင်းကို လူတွေ လည်ပင်းလိုက်စွပ်ပြီး လည်ပင်းနဲ့တော်သူကို တရားခံအဖြစ် ဖမ်းခဲ့ဖို့ အမိန့်ချပါတော့တယ်။

အမတ်ကြီးလည်း သံကွင်းကြီးကိုင်လို့ တတ်သည့်ပညာ မနေသာပဲ တွေ့သမျှလူ စွပ်ပါလေတော့တယ်။

သံကွင်းနဲ့တော်သူ တရားခံကို တွေ့မှာလား၊ ဒုတိယပိုင်းကို ဆက်နားဆင်ကြပါ။

ကိုသိန်းမြတ်နဲ့ ကိုနာရီရဲ့ ဇာတ်လမ်းကို ဘီဘီစီ ဝိုင်းတော်သားတွေ အားဖြည့် ပါဝင် တင်ဆက် ထားကြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။