လောင်စာတင် စက်လှေ မီးလောင်

  • 6 ဇူလိုင် 2010

ထိုင်းနိုင်ငံ ကနေ မြန်မာ နိုင်ငံကို လောင်စာဆီတင်ပို့နေတဲ့ စက်တပ်လှေ တစ်စီး နှစ်နိုင်ငံကြား သောင်ရင်းမြစ်ထဲမှာ မီးလောင်ခဲ့ပါတယ်။

Image caption သောင်ရင်းမြစ်ထဲ မီးလောင်နေတဲ့ စက်တပ် သင်္ဘော

ပုံမှန်အားဖြင့် ထိုင်းကနေ မြန်မာ ဘက်ကို ဓါတ်ဆီနဲ့ ဒီဇယ်ဆီတွေ တင်ပို့လေ့ ရှိပါတယ်။ ထိုင်း ကုန်သည်ကြီးတွေက မဲဆောက်ကနေ လောင်စာဆီတွေကို မြဝတီဘက် တရားဝင် အခွန်ဆောင်ပြီး တင်ပို့ ကြပေမဲ့ ကုန်သည် အသေးစားလေးတွေ ဖြစ်တဲ့ မြန်မာ ကုန်သည်တွေ ကတော့ မြန်မာ ဘက်ခြမ်းကို ခိုးသွင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လက ဓါတ်ဆီလီတာ ၈ သန်းကျော် နဲ့ ဒီဇယ် လီတာ ၆ သန်း နီးပါး ကို မြန်မာ နိုင်ငံ ဘက် တရားဝင် တင်ပို့ ခဲ့တယ်လို့ အကောက်ခွန် အရာ ရှိက ပြောပါတယ်။

ထိုင်းဘက်ကနေ လောင်စာဆီတွေကို မြန်မာ ဘက် တင်ပို့ရာမှာ မသမာ မှုတွေ ရှိတယ်လို့ ပြောဆိုတာ တွေနဲ့ ပတ်သက်လို့ ထိုင်း ကုန်သည် တစ်ယောက်ကတော့ သူတို့ အနေနဲ့ တရားဝင် လိုင်စင်နဲ့ ပို့နေတာ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။ မြန်မာ ဘက်က ကုန်သည်တွေကတော့ သူတို့ နိုင်ငံဘက်က အပိုင်းကို သူတို့ ဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။