မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာ ရောက်

  • 29 ဇူလိုင် 2010

မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံ ကြားမှာ နျူးကလီးယား အရေး ပူးပေါင်း ဆောင်ရွက်မှု ရှိနိုင်တဲ့ ကိစ္စကို အနောက် နိုင်ငံတွေက စိုးရိမ် ပူပန်နေတဲ့ ကြားက မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာ နိုင်ငံကို ရောက်ရှိ လာပါတယ်။

Image caption မြောက်ကိုရီးယား ဝန်ကြီး ရွှေတိဂုံက ဧည့် မှတ်တမ်း မှာ လက်မှတ် ရေး ထိုး

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Pak Ui Chun ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ရွှေတိဂုံ ဘုရားနဲ့ အမျိုးသား ပြတိုက်ကို သွားခဲ့ပြီး မနက်ဖြန် ကျရင် မြန်မာ ဝန်ကြီးချုပ် အပြင် နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီး တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ သူဟာ မြန်မာ နိုင်ငံမှာ တနင်္ဂနွေနေ့ အထိ နေ မယ်လို့ သိရပါတယ်။

ဇွန်လ တုန်းကတော့ DVB သတင်းဌာနရဲ့ မှတ်တမ်း ရုပ်ရှင် ထဲမှာ မြန်မာ အစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ နျူးကလီးယား လက်နက်ထုတ်လုပ်ဖို့ ရည်မှန်း ဆောင် ရွက် နေတာ တွေ ရှိတယ်လို့ စွပ်စွဲ ထားချက်တွေကို မြန်မာ အစိုးရက ငြင်းဆို ခဲ့ ပါတယ်။

၁၉၈၃ ခုနှစ်က မြန်မာ နိုင်ငံကို ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် ကို ဗုံးခွဲ ပြီး လုပ်ကြံ တိုက်ခိုက်ခဲ့ ပြီးတဲ့ နောက် မြန်မာနဲ့ မြောက်ကိုရီးယားတို့ ကြားမှာ သံတမန် အဆက် အသွယ်တွေ ပြတ်တောက် နေခဲ့တာ ဖြစ်ပြီး အခုမှ မြောက်ကိုရီးယားရဲ့ ထိပ်တန်း အစိုးရ အရာရှိတစ်ယောက် မြန်မာ နိုင်ငံကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။