လန်ဒန်ရောက် မင်းသားမင်းသမီးများကို ဆန္ဒပြ

  • 31 ဇူလိုင် 2010
Video title
Image caption နာမည်ကျော် သရုပ်ဆောင်တွေ အများကြီးသုံးထား။

ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချီနေတဲ့ အရုဏ်ဦးတွင် ဖူးသည့်ကြာ ဗီဒီယို ဇာတ်ကားဟာ ဦးသန့်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေကို သေးသိမ်အောင် ဖော်ပြချက်တွေ ပါဝင်နေပြီး သမိုင်းကြောင်းတွေကို အမှန်အတိုင်း မဖော်ပြပဲထားတဲ့ အတွက် အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တချို့ လန်ဒန်ကို ရောက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြဖို့ ဗြိတိန်ရောက် မြန်မာ ကျောင်းသူ ကျောင်းသားတွေက စီစဉ်နေပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နေတိုးနဲ့ မိုးယုစံဟာ တခြားသရုပ်ဆောင်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ဂျင်းနီတို့နဲ့ အတူ မြန်မာအသင်း (ယူကေ) ရဲ့ အစီအစဉ်နဲ့ လန်ဒန်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေမှာ အငြိမ့်နဲ့ စင်တင်တေးဂီတ ဖျော်ဖြေမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗြိတိန်ရောက် မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မမို့မို့ခင်ကတော့ အစိုးရက အနုပညာရှင်တွေကို အသုံးချပြီး သမိုင်းကြောင်းကို လှည့်ဖျား လိမ်ညာဖုံးကွယ်ဖို့ ကျိုးပမ်းနေတာကို အနုပညာရှင်တွေ အနေနဲ့လဲ ဝါဒဖြန့်ဇာတ်ကားတွေမှာ အသုံးချခံ မဖြစ်ရအောင် အသိရဖို့ အခုလို ဆန္ဒပြဖို့ စီစဉ်ရတာ ဖြစ်ကြောင်း၊ သမိုင်းအမှားကြီးကို လူငယ်တွေ အမှတ်မှားသွားရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့ အကြောင်း ဘီဘီစီကို ပြောပြသွားပါတယ်။