ဝ ဒေသက လက်နက်တွေ အိန္ဒိယသူပုန်တွေ ဝယ်

  • 4 ဩဂုတ် 2010
ULFA
Image caption အူဖာသူပုန်တွေဆီက ဖမ်းမိတဲ့ လက်နက်များ

UWSA ဝသပ က တရုတ်ပြည်က လက်နက်စက်ရုံတွေနဲ့ အလွတ်သဘော လက်နက်ထုတ်လုပ်ခွင့် ရယူပြီး ဝဒေသ မှာ လက်နက်တွေ ထုတ်လုပ်နေတယ် လို့ အသေးစားလက်နက်များ မပြန့်ပွားရေး လှုပ်ရှားဆောင်ရွက်နေသူ Binalaxmi Nephram က ပြောပါတယ်။

အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ အာသံပြည်နယ် ခွဲထွက်ရေး ULFA သူပုန်တွေဟာ တရုတ်လုပ်လက်နက်တွေ ကို အဓိက ဝယ်ယူပြီး အိန္ဒိယ နဲ့ နီပေါမှာ စခန်းချနေတဲ့ မော်ဝါဒီ သူပုန်တွေကို ပြန်ရောင်းတာ ဖြစ်ပါတယ်။

၂ဝဝ၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ် အစိုးရဟာ စစ်တကောင်းဆိပ်ကမ်းမှာ တရုတ်မှောင်ခိုလက်နက်တွေ ဖမ်းမိပြီး၊ နောက်ပိုင်းမှာ ULFA က တရုတ်ဆီက လက်နက်မဝယ်တော့ပဲ UWSA ဆီက ဝယ်ယူတဲ့ အကြောင်း ULFA သူပုန်ခေါင်းဆောင် ၂ ဦးက ဘီဘီစီ သတင်းထောက် Subir Bhaumik ကိုပြောပါတယ်။

Image caption အူဖာ သူပုန်တွေရဲ့ လက်နက်မှောင်ခိုမှုတွေကို ဘင်္ဂလားဒေ့ရှ်ကလည်း နှိမ်နင်း

ဝ တွေထုတ်လုပ်တဲ့ လက်နက်တွေက အရင်က အရည်အသွေးညံ့ဖျင်းပေမယ့် နောက်ပိုင်းမှာ တရုတ်လုပ် လက်နက်တွေနဲ့ ခွဲမရအောင် အရည်အသွေး ကောင်းမွန်တဲ့ အကြောင်းလဲ သိရပါတယ်။

ဘင်္ဂလာဒေ့ရှ် အစိုးရ ဟာ လက်နက်မှောင်ခို ရောင်းဝယ်နေမှု တွေကို နှိမ်နင်း နေတဲ့ အတွက် UWSA ဟာ ULFA က တဆင့် လက်နက် ရောင်းရာမှာ အခက်အခဲတွေ ရှိလာပြီးနောက် UWSA ဟာ မော်ဝါဒီ သူပုန်တွေကို တိုက်ရိုက် ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ အကြောင်း သိရပါတယ်။