ရှမ်းပါတီရဲ့ ကျားဖြူသတင်းလွှာ

  • 4 ဩဂုတ် 2010
SNDP
Image caption ကျားဖြူသတင်းလွှာ ခေါင်းစီးပုံ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကျားဖြူသတင်းလွှာဆိုတဲ့ ပါတီစာစောင်ကို ဒီလဆန်းကပဲ ထုတ်ဝေလိုက်ပါတယ်။

ရှမ်း နဲ့ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီက အဓိက ဝင်ပြိုင်မယ့် ရှမ်းပြည်နယ်အတွင်း ဖြန့်ချိတာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရ ဦးစိုင်းထွန်းအေးက ပြောပါတယ်။

ပါတီရဲ့ မူဝါဒတွေနဲ့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာ ဘာကြောင့် ဝင်ပြိုင်ရသလဲဆိုတဲ့အကြောင်းတွေကို ရေးသားထားတယ်လို့ ဆိုပါတယ်။

''ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လုံလောက်အောင် ပြဌာန်းပေးခြင်း မရှိဘူးဆိုတာ ဝန်ခံရမှာ ဖြစ်ပေမယ့် SNDP ပါတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်အနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်အတွင်းမှာ တရားဝင် အတိုက်ခံပြုနိုင်ခြင်း၊ ဥပဒေပြုခြင်းတို့ကို ဆောင်ရွက်သွားနိုင်မယ်'' လို့ ဦးစိုင်းထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

Image caption ပါတီရုံးခွဲကို မူဆယ်မှာ ဇွန်လအတွင်း ဖွင့်လှစ်ခဲ့

လက်တွေ့မှာတော့ အဲဒီလို ဖြစ်လာဖို့ လွယ်ကူမှာ မဟုတ်ပေမယ့် တခြားရွေးချယ်စရာမရှိလို့ ၂၀၁၀ ရွေးကောက်ပွဲက မဖြစ်မနေ ဖြတ်သန်းရမယ်ဆိုတာ လူတွေ သိပြီး ပါတီကို မဲထည့်ကြဖို့ တိုက်တွန်းထားတယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲဟာ တရားမျှတမလားဆိုတာ သေသေချာချာ မသိနိုင်သေးပေမယ့် အစိုးရကို တရားမျှတအောင် လုပ်ဖို့ တိုက်တွန်းရင်း လူထုကိုလည်း ကျားဖြူ သတင်းလွှာက တဆင့် အသိပေးသွားမယ်လို့ ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းထွန်းအေးက ပြောပါတယ်။