မြဝတီမှာ ဗုံးကွဲလို့ လူ သေဆုံး

  • 6 ဩဂုတ် 2010

ကရင်ပြည်နယ် မြဝတီမြို့မှာ သောကြာနေ့ည ရှစ်နာရီခွဲကျော် လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Image caption ဒီစစ်ဆေးရေး ဂိတ် အလွန် တံတား တဘက် ခြမ်းက မြဝတီ မြို့မှာ ဗုံးပေါက် ကွဲခဲ့

ထိုင်းမြန်မာ နယ်စပ် မဲဆောက်နဲ့ မြဝတီ ချစ်ကြည်ရေး တံတား ရဲ့ တဘက်ခြမ်း မြဝတီမြို့ ရဲ့ ညစျေးမှာ ဗုံး ပေါက်ကွဲခဲ့တာပါ။ အဲဒီ ပေါက်ကွဲသံကို မဲဆောက်မြို့ မှာ နေတဲ့ ဘီဘီစီ သတင်းထောက် ကိုယ်တိုင်ကြားခဲ့ရတဲ့ အတွက် ပေါက်ကွဲမှု ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာက ဒေသခံတွေကတော့ နောက်ထပ် ပေါက်ကွဲမှုတွေ ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ အဲဒီ နေရာကို စစ်တပ်နဲ့ ရဲဘက်က တာဝန်ရှိသူတွေ ရောက်လာကြတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

အခု ပေါက်ကွဲမှုဟာ ကစထ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ အဲဒီဒေသကို ရောက်နေတဲ့ အချိန်မှာ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ခဲ့တာပါ။ သူတို့ ရောက်မလာခင် ရက်ပိုင်း ကတည်းက လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့ကို ရည်ရွယ် တိုက်ခိုက်တာလဲ ဘယ်သူ့ လက်ချက်လဲ ဆိုတာ တော့ အခုချိန်မှာ မသိရသေးပါဘူး။ ဗုဒ္ဓဟူး နေ့တုန်းကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် နဲ့ စစ်ဘက် အရာရှိကြီးတွေ လိုက်ပါလာတဲ့ ကားတန်းကို ခေျာင်းမြောင်း တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။