၈၈ အထိမ်းအမှတ် ပြည်တွင်းပြည်ပမှာ ကျင်းပ

  • 8 ဩဂုတ် 2010
အိန္ဒိယ ရှစ်လေးလုံးဆန္ဒပြပွဲ
Image caption အိန္ဒိယ ရှစ်လေးလုံးဆန္ဒပြပွဲ

ဩဂုတ်လ ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးအခင်း ၂၂ ပြည့်တဲ့ နှစ် ပတ်လည် အခမ်းအနားကို လူ့အခွင့်ရေး ကာကွယ် စောင့်ရှောက် ရေးအဖွဲ့ ကဒဂုံမြို့သစ်တောင်ပိုင်းမှာ ဆွမ်းကပ်အမျှဝေခဲ့ပါတယ်။

အလားတူ အခမ်းအနားတွေကို မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒလ၊ တွံတေးစတဲ့ မြို့နယ်တွေ မှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ မန္တေလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်ဘက်တွေမှာလည်း ကျင်းပကြပါတယ်။

ပြည်ပမှာလည်း အထိမ်းအမှတ် အခမ်းအနားတွေပြုလုပ်ရာ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ သံဃာတော်တွေအပါအဝင် အရေးအခင်းမှာ ပါဝင်သူအင်အား (၁၀၀) နီးပါး တက်ရောက်ကြ ပါတယ်။

ရှစ်လေးလုံး အထိမ်းအမှတ်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်းမြို့က မြန်မာသံရုံးရှေ့မှာ NLD လွတ်မြောက်နယ်မြေကိုရီးယားဌာနခွဲက ဦးဆောင် ဆန္ဒပြခဲ့ပါတယ်။

အလားတူ မလေးရှား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ နယူးဇီလန်၊ သြတြေးလျ၊ ကနေဒါ၊ ယူကေစတဲ့ နိုင်ငံတွေမှာလည်း ရှစ်လေးလုံး အထိမ်းအမှတ် ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပခဲ့ ကြပါတယ်။

အဓိကအားဖြင့် ဒီနှစ် အခမ်းအနားတွေမှာ ရှစ်လေးလုံးကို မမေ့ဖို့၊ လာမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွ ေပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။