မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်

  • 11 ဩဂုတ် 2010

အခုနှစ် ၂၀၁၀ မှာ ကျင်းပမယ်လို့ အစိုးရက ကြေငြာထားတဲ့ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေ တွေ ကို ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် လိုက်တဲ့ အကြောင်း မြန်မာ သတင်း မီဒီယာတွေမှာ ထုတ်ပြန် ကြေငြာ သွား ပါတယ်။

Image caption တခြားနိုင်ငံတွေမှာလို မျှမျှတတ မဲပေးနိုင်ခွင့် မရမှာ လူတွေ စိုးရိမ်နေ

လွှတ်တော် သုံး ရပ် ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် တိုင်းရင်းသား ဒေသ လွှတ်တော် တို့ အတွက် မဲဆန္ဒ နယ်မြေ သတ်မှတ် လိုက်ပြီး ဖြစ်တဲ့ အကြောင်း သြဂုတ်လ (၁၁) ရက် ဗုဒ္ဓဟူး နေ့စွဲနဲ့ ထုတ်ပြန် လိုက်တာပါ။

အသေးစိတ် တွေကို နေ့စဉ် ထုတ် သတင်းစာ တွေမှာ ဖေါ်ပြ သွားမယ်လို့ ဆိုပါတယ်။

အခုလို မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်လိုက်တဲ့အတွက် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ပြုလုပ်မယ် ဆိုတာ သေချာသွားသလို ကျင်းပမယ့်ရက် နီးကပ် လာပြီလို့ ယူဆ နိုင်ပါတယ်။