ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေသတ်မှတ်

  • 12 ဩဂုတ် 2010
election
Image caption သတင်းစာတွေထဲမှာ မဲဆန္ဒနယ် သတ်မှတ်ကြောင်းဖေါ်ပြ

မြန်မာရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းနဲ့ပြည်နယ်ဒေသအလိုက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

တနိုင်ငံလုံး မဲဆန္ဒနယ်မြေစုစုပေါင်း ၃၃၀ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ၅၅ ခု၊ရန်ကုန်တိုင်း ၄၅ ခု၊ မန္တလေးတိုင်း ၃၆ ခုနဲ့နေပြည်တော်က ၈ ခုစီဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ မကြေညာသေးပါဘူး။

ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ သတ်မှတ်ထားရာ အမတ် ၃၃၀ ကို ပြည်သူက တိုက်ရိုက်ရွေးချယ်မှာဖြစ်ပြီး ကျန်အမတ်နေရာ ၁၁၀ ကိုတော့ စစ်တပ်က ခန့်အပ်မှာပါ။

ရွေးကောက်ပွဲရက် မသိရသေးပေမယ့် အခုလို မဲဆန္ဒနယ်မြေ သတ်မှတ်ကြေညာလို့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပါပြီ။

ပြည်သူ့လွှတ်တော်မှာတမြို့နယ်တဦးကျ၊ရွေးကောက်ပွဲက တက်လာမယ့်ကိုယ်စားလှယ် ၃၃၀ နဲ့စစ်တပ်ကခန့်တဲ့ ကိုယ်စားလှယ် ၁၁၀အထိ အများဆုံးပါဝင်နိုင်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာပြဌာန်း ထားတာမို့အခု ရွေးကောက်ပ ွဲကော်မရှင်ကမဲဆန္ဒနယ်မြေ ၃၃၀ ခွဲခြားသတ်မှတ်လိုက်တာ သိပ်ထူးခြားတယ်လို့ မဆို နိုင်ပါဘူး။ ထူးခြားတဲ့အချက်ကတော့ ရွေးကောက်ပ ွဲနည်းဥပဒေပါပြဌာန်းချက်အရ၊ရွေးကောက်ပွဲကို တလအတွင်း ကျင်းပမယ်ဆိုရင် ကျင်းပနိုင်ပြ ီဆိုတဲ့အချက်ဘဲဖြစ်တယ်လို့ NDF အမျိုးသားနိုင်ငံရေး အင်အားစု ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ဥပဒေပညာရှင်ရှေ့နေ ဦးသိန်းညွန့်က သူ့အမြင်ကိုပြောပါတယ်။

ရေးကောက်ပွဲနည်းဥပဒေအရ အဲဒီလိုဖြစ်နိုင်တယ်လို့ သူကဆိုပေမယ့်မှတ်ပုံတင် ခွင့်ရထားတဲ့ပါတီ ၄၀ ထဲမှာပါတီဝင်အင်အားစာရင်းကို ရက် ၉၀ အတွင်းတင်ပြရမယ့်လုပ်ငန်းစဉ်က မပြီးသေးတော့၊အဲဒါပြီးမှရွေးကောက်ပွဲ ကျင်းပလို့ရမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တခါ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်နိုင်မယ့် ကာလနဲ့ပတ်သက်တဲ့ပြဌာန်းချက်မျိုးလည်း ထွက်ပေါ်လာခြင်း မရှိသေးတာမို့ တကယ်တမ်း ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာလျှို့ဝှက်ချက်တခုလိုဆက်ရှိနေ ပါတယ်။