တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲအတွက် ပြင်

  • 12 ဩဂုတ် 2010
SNDP
Image caption SNDP မှတပြည်လုံး ယှဉ်ပြိုင်ဖို့ ပြင်နေ

ရှမ်းပြည်နယ်မှာ သတ်မှတ်ထားတဲ့မြို့နယ်က ၅၅ မြို့နယ်ရှိတဲ့အနက် မြို့နယ် ၄၀ ပဲပြိုင်မှာပါလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ၅ နေရာရှိတယ်၊ ဝအတွက်က ၆ မြို့နယ် ကိုးကန့်အတွက်က ၂ မြို့နယ် တအာင်းပလောင်အတွက်က ၂ မြို့နယ် ၊ ပအို့အတွက်က ၃ မြို့နယ် တမူးအတွက်က ၂ မြို့နယ် အဲဒီစုစုပေါင်း ၁၅ မြို့နယ်မှာတော့ SNDP က ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

SNDP အနေနဲ့ ရံပုံငွေ အခက်အခဲ ရှိကြောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်ကို ကိုယ့်စားရိတ်နဲ့ကိုယ် ထည့်ဝင်ယှဉ်ပြိုင်ဖို့တိုက်တွန်းထားကြောင်း ဦးစိုင်းအို်က်ပေါင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာနဲ့ ပြည်သူ့လွှတ်တော်မှာ ၁၇ နေရာရှိပါတယ်။ ပြည်နယ်လွှတ်တော်မှာတော့ ၃၄ နေရာရှိပါတယ်။

ပါတီဝင်အင်အား ၁၀၀၀ ကို ရခိုင်ပြည်နယ်အပြင် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ဖြစ်နိုင်ရင် ချင်းပြည်နယ် ပလက်ဝအထိ အရွေးချယ်ခံဖို့ စီစဉ်ထားတဲ့အကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲဝင်မယ့်ပုဂ္ဂိုလ်အများစုက မိမိစားရိတ်နဲ့မိမိ စိုက်ဝင်ယှဉ်ပြိုင်ဖို့စီစဉ်ထားလို့ ရံပုံငွေအခက်အခဲကို ကျော်လွှားသွားနိုင်မယ်လို့ယုံကြည်ကြောင်းကိုလည်း သူက ပြောပါတယ်။