ဆေးရုံးတက်နေတုံး ကလေးစစ်သားအဖြစ် စုဆောင်းခံရ

  • 16 ဩဂုတ် 2010
Image caption အရွယ်မရောက်သေးတဲ့ ကလေးစစ်သား တဦး

ဧရာဝတီတိုင်း မအူပင်မြို့နယ် ကဝက်ကင်းကျေးရွာက အသက် ၁၅ နှစ်အရွယ် သတ္တမတန်း ကျောင်းသား မောင်ဇာနည်ဦးဟာ မကျန်းမာလို့ ကရင်ချောင်းစံပြဆေးရုံကို တက်ပြီး ဆေးဝါးကုသမှုခံနေတုံး ဂယောင်ချောက်ချားဖြစ်ပြီး ဆေးရုံးကထွက်သွားချိန်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာ ဖြစ်ပါတယ်။

မောင်ဇာနည်ဦးကို စစ်သားစုဆောင်းတဲ့ တပ်ကြပ်တဦးက ခေါ်သွားတယ်လို့ တွံတေး ခြေလျင်တပ်ရင်း ၇၀ က ဒုတပ်ကြပ်တဦးက မောင်ဇာနည်ဦးရဲ့ မိခင်ကို သတင်းပေးခဲ့တာ ဖြစ်ပါတယ်။

မောက်ဇာနည်ဦးဟာ ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ပျောက်သွားတာဖြစ်ပါတယ်။

အခုတော့ ကလေး စုဆောင်း ခံရတာနဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ပေးဖို့ မိခင်ဖြစ်သူက ဒီကနေ့ အိုင်အယ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကို သွားရောက်တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။