လေဆိပ်အဝင် ဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်း

  • 22 ဩဂုတ် 2010

စက်တင်ဘာလဆန်းမှ စပြီး လေဆိပ်အဝင်ဗီဇာ ဆိုင်းငံ့

လေဆိပ်အဝင် ဗီဇာ ယာယီရပ်ဆိုင်း

ပြီးခဲ့တဲ့ ဧပြီလက စတင်ခွင့်ပြုခဲ့တဲ့ မြန်မာနိုင်ငံ လေဆိပ် အချို့မှာ လေဆိပ်အဝင် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးခဲ့ပေမဲ့၊ အခုလာမဲ့ စက်တင်ဘာလဆန်း ကစလို့ ယာယီဆိုင်းငံ့ထားမဲ့ အကြောင်း ကြားရပါတယ်။

လေဆိပ်အဝင် ဗီဇာထုတ်ပေးတဲ့ အတွက် မြန်မာ့ဟိုတယ်လုပ်ငန်းရှင်များ အဖွဲ့မှ ဉက္ကဌ ဇေကမ္ဘာ ဒေါက်တာဦးခင်ရွှေက ဒီသတင်းကို မကြားမိ သေးပေမဲ့ လေဆိပ်အရောက်မှာ ဗီဇာထုပေးတဲ့ အတွက် ပြည်ပ ဧည့်သည် အဝင်များကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဧည့်သည်တွေ ပိုပြီးလာတဲ့ အတွက်၊ မြန်မာနိုင်ငံ အကြောင်း ကိုလဲ ပိုမိုသိမြင်ခွင့် ရကြပုံ ကို ဒေါက်တာဦးခင်ရွှေ က ရှင်းပြပါတယ်။

သင်္ဂဇာခရီးသွား လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်ထွန်းအောင် ကတော့ အထက်ပါ သတင်း ကို ကြားမိပုံ၊ သူ့အနေနဲ့တော့ လေဆိပ်အဝင် ဗီဇာထုပေးခြင်းဟာ ပြည်ပခရီးသွားတွေ အတွက် အချိန်ကုန်သက်သာ၊ စရိတ်နဲ ဝန်ကျဉ်း တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဂျပန်နိုင်ငံမှာ ဆိုရင် ဝေးလံတဲ့ ကျွန်းငယ်တွေမှာ နေသူတွေဟာ တိုကျို မြန်မာသံရုံးမှာ ဗီဇာ ယူရတာထက်၊ ရန်ကုန်လေဆိပ် အဝင် မှာ အမေရိကန် ၁ဝ ဒေါ်လာ ပေးဝင်ရခြင်းဟာ ပိုမို အဆင်ပြေပုံ ကို ဉပမာပြ ရှင်းပြပါတယ်။