တိုင်းရင်းသားပါတီများအသင့်ပြင်နေ

  • 16 ဩဂုတ် 2010
shan
Image caption ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

နိုဝင်ဘာလ ၇ ရက်နေ့ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်နယ်အစိုးရအတွက် ရည်ရွယ်ပြီး ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသား ပါတီတွေက သူတို့အနေနဲ့ ပြည်မက ပါတီကြီးတွေလောက် အခက်အခဲမရှိဘူးလို့ ဆိုပါတယ်။

ကရင်ပြည်သူ့ ပါတီအနေနဲ့ ကိုယ်စားလှယ် ၃၀ ကျော် ရွေးကောက်ပွဲ ဝင်ဖို့ပြင်ဆင် ထားကြောင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းကိုတော့ အသင့်ဖြစ် နေပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အတွက်၁ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၂ ယောက်၊ ဒေသအဆင့် ၃၀ ကျော်လောက် ဝင်ရောက် အရွေးခံမှာ ဖြစ်ကြောင်း ဒါတွေအားလုံး စီစစ်ပြီး တပါတ်အတွင်း တင်မှာဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ ဒုတိ်ယဥက္ကဌ စောအေးကိုက ဘီဘီစီကို ရှင်းပြပါတယ်။

ချင်းအမျိုးသားပါတီ အနေနဲ့ကတော့ အခက်အခဲ မရှိကြောင်း အခြေအနေ ကောင်းကြောင်း ချင်းပြည်နယ်အတွင်း ပလက်ဝမှလွဲပြီး ကျန်မြို့နယ်အားလုံး စည်းရုံးရေး ဆင်းပြီးဖြစ်ကြောင်း ဥက္ကဌ ဦးဇွန်ဇန်းကလည်း ဘီဘီစီကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေနဲ့ လူထုကိုစည်းရုံးတဲ့အခါမှာ ပြည်မက ပါတီတွေထက် စည်းရုံးရေးပိုမြန်တဲ့အကြောင်း နှိုင်းယှဉ်ရင် အခက်အခဲနည်းကြောင်း ကိုယ်စားလှယ် ၅၀ လောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားပါတီများအနေနဲ့ အချိန်နဲ့ငွေကြေးအတွက် အခက်အခဲတချို့ရှိပေမယ့်လည်း အများစုဟာ ပြည်နယ်အစိုးရ အတွက်ကိုသာ ရည်ရွယ်ကြတာမို့ ရွေးကောက်ပွဲ ဝင်မယ့် တိုင်းရင်းသား ပါတီများဟာ အခုအတိုင်းဆိုရင် အားလုံးနီးပါး အဆင်သင့်ပြင်ဆင် နေကြကြောင်း ဘီဘီစီက သိရှိရပါတယ်။