ထိုင်းမှာ ဧည့်နိုင်ငံသားဖြစ်ရေး ကြေညာ

  • 20 ဩဂုတ် 2010
ထိုင်းနယ်စပ် ကိုတဖွဲဖွဲမြန်မာဘက်ကရောက်ရှိ
Image caption ထိုင်းနယ်စပ် ကိုတဖွဲဖွဲမြန်မာဘက်ကရောက်ရှိ

ထိုင်းနိုင်ငံမှာ အတည်တကျနေ ထိုင်ခွင့်ပြုထားတဲ့ မြန်မာအပါအဝင် အိမ်နီးနားချင်း နိုင်ငံက ဝင်လာတဲ့ သူတွေကို ဧည့်နိုင်ငံသား ပေးဖို့နဲ့ ထိုင်းမှာမွေးဖွားတဲ့ ကလေးတွေကို နိုင်ငံသားပေးဖို့ အတွက် ဗုဒ္ဓဟူးနေ့ကပြု လုပ်တဲ့ ထိုင်းလုံခြိုရေး ကောင်စီအစည်းအဝေးက ဆုံးဖြတ် လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်အရင်ဝင်ရောက် နေထိုင်ပြီး ထိုင်းနိုင်ငံ က အတည်တကျနေထိုင်းခွင့်လက်မှတ် ထုတ်ပေးထားတဲ့ သူတွေကို ဧည့်နိုင်ငံသား ပေးဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အတည်ကျနေထိုင်ခွင့်ပြုထားပြီး အစိုးရက အပြာရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင် အစရှိတဲ့ လက်မှတ် တွေထုတ်ပေးထားတဲ့သူတွေနဲ့ ဆယ်နှစ်ခံလက်မှတ်တွေထုတ် ထားပေးတဲ့ သူတွေအထဲက သတ်မှတ်ထားတဲ့ ဥပဒေနဲ့ကိုက်ညီတဲ့သူတွေကို ဧည့်နိုင်ငံ သား ပေးမယ်။ အဲ့ဒီလက်မှတ် ကိုင်ဆောင် ထားတဲ့ မိဘရဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ကလေးတွေ၊ ပြီးတော့ နိုင်ငံတော်အဆင့် အားကစားနဲ့ ပညာရေးထူးချွန်တဲ့ကလေးတွေ ကို ထိုင်းနိုင်ငံသားပေးဖို့ ထိုင်းလုံခြုံရေး ကောင်စီက ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့နိုင်ငံသားမဲ့သူ တွေ အခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့ ထိုင်းရှေ့နေများကောင်စီက စူရဖုန်း ကောင်းကျန်ထွတ်က ဘီဘီစီကို ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ အဲ့ဒီလိုလက်မှတ်ထုတ်ပေးထားသူ မြန်မာအပါအဝင် အိမ်နီးနားချင်းနိုင်ငံကဝင်လာသူ ၂ သိန်းကျော်ရှိပါတယ်။

အလုပ်သမားလက်မှတ်ကိုင်ဆောင်ထားသူတွေကိုတော့ နိုင်ငံသား စီစစ်ပြီး တရားဝင်ယာယီနိုင်ငံကူးလက်မှတ်ပေးပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေးသွားမှာဖြစ်ပါတယ်။