NLD ရွေးကောက်ပွဲသပိတ်မှောက်

  • 20 ဩဂုတ် 2010
NLD ခေါင်းဆောင်များ
Image caption NLD ခေါင်းဆောင်များ

လာမဲ့ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီအနေနဲ့ သပိတ်မှောက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

NLD အနေနဲ့ ပါတီမှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲလည်း မဝင်ဘူးလို့ မူလကတည်းကပြောထားပြီးဖြစ်ပါတယ်။

အခုတခါရွေးကောက်ပွဲကိုသပိတ်မှောက်တယ်ဆိုတော့ ဘာထူးလည်းလို့ ဒုတိယဉက္ကဌ ဦးတင်ဦးကိုမေးကြည့်ရာမှာ အစစအရာရာတောင်းဆိုတာမရလို့ ရွေးကောက်ပွဲမဝင်တာ ဖြစ်ကြေင်း၊အခုတခါ အောက်ခြေမှာ နားလည်အောင် ပါတီရဲ့ မူဝါဒကို ရှင်းရှင်း ချပြရတာဖြစ်ကြောင်း ဘီဘီစီကိုပြောပါတယ်။

ဒါဟာ အစိုးရကို ထိပ်တိုက် ရင်ဆိုင်တာမဟုတ်သလို လူထုအနေနဲ့ လည်း ဥပဒေအရ မဲမပေးရင် လည်းနေခွင့်ရှိကြောင်းပြောပါတယ်။

ဒီလိုကြေညာလို့ အခြေအနေ မရှုပ်ထွေးနိုင်ဘူးလို့လည်း ဦးတင်ဦးက ဘီဘီစီကိုပြောသွားပါတယ်။