ရဲမွန်တပ်ရင်းတွေနဲ့ လာလဲတဲ့တပ်တွေကြား တင်းမာနေ

  • 22 ဩဂုတ် 2010
Image caption ရဲမွန်တပ်အရေး ပိုတင်းမာနေ

ရန်ကုန်တိုင်း အင်းတိုင်အခြေချ ရဲမွန်တပ် မြို့မှာရှိတဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၈ ရင်းက သူတို့ရဲ့ ဘဏ်စုငွေတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုနေတဲ့ကိစ္စ ပြေလည်မှု မရသေးဘဲ ရှိနေချိန်မှာ အဲဒီ တပ်တွေကို အစားထိုးဖို့ တပ်မ ၁၁ တံဆိပ် တပ်ထားတဲ့ တပ်ဖွဲ့တွေ စနေနေ့ညနေက ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ရဲမွန်တပ်ဖွဲ့တွေက လက်မခံတဲ့ အတွက် ခမရ ( ၂၁၃)တပ်ရင်းက တပ်ရင်းမှုးကအစ စစ်ရေးကို ပြင်ဆင်တဲ့ အနေနဲ့ လက်နက်တွေ ထုတ်ကိုင်နေတဲ့ အနေအထားရှိတယ်လို့ ခမရ ( ၂၁၃)က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လာလဲတဲ့ တပ်အင်အားက ၅၀၀၊၆၀၀ ခန့်ရှိပြီး ရဲမွန်ဝန်းကျင်မှာ လုံခြုံရေး အနေအထားနဲ့ နေရာယူနေကြတယ်လို့ သူကပြောပါတယ်။

တပ်မမှုး ကိုယ်တိုင်လာညှိပေမယ့် မပြေလည်သေးဘူးလို့ ဆိုပါတယ်။ တပ်ကို ရိက္ခာဖြတ် ထားတဲ့အတွက် ရိက္ခာတွေလည်း ပြတ်လာနေပြီလို့ ပြောပါတယ်။

ရိက္ခာကုန်ရင် ပစ်ခတ်မှုဖြစ်လာနိုင်တယ်လို့ ဘီဘီစီကဆက်သွယ်ခဲ့တဲ့ ရဲမွန်တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

ရဲမွန်တပ်မြို့ထဲမှာ အင်အား ၄၀၀ ဝန်းကျင်လောက် ကျန်ရှိနေပြီး အများစုဟာ လူပျို လူလွတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။