ကော်မရှင် အနေနဲ့ ပါတီတောင်းဆိုချက် ပြင်မှာ မဟုတ်

  • 23 ဩဂုတ် 2010
ရှေ့နေကြီး ဦးအောင်သိန်း
Image caption ရှေ့နေကြီး ဦးအောင်သိန်း

ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီ တချို့က ငွေကြေးနဲ့ အချိန် အခက်အခဲ ရှိနေလို့ အချိန် တိုးပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထား တာတွေ ရှိပါတယ်။အကယ်၍ သတ်မှတ်ရက်အမီ အမတ်လောင်းစာရင်း မတင်နိုင်တဲ့ ပါတီတွေအနေနဲ့ ဥပဒေကြောင်းအရ ဘယ်လို လုပ်ဆောင်နိုင်မလဲ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်လိုဆုံးဖြတ်ဆောင်ရွက်နိုင်သလဲဆိုတာ ပါတီတွေက မေးစရာဖြစ်လာပါတယ်။

ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ကတော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပါတီတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေအပေါ် တုန့်ပြန်တာ မတွေ့ရသေးကြောင်း၊သူတို့က ရွေးကောက်ပွဲ ဆိုင်ရာနည်းဥပဒေ ပြဌါန်းသတ်မှတ်ထားကြောင်း၊ အဲဒီဥပဒေကိုပြင်ရမယ်ဆိုရင်ကော ရွေးကောက်ပွဲကော်မရှင်က ပြင်ပါ့မလားဆိုတာ စဉ်းစားစရာ ဘဲလို့ဆိုပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တောင်းဆိုချက်တွေကို လိုက်လျော ပြင်ဆင်ပေးလိမ့်မယ်လို့ သူမထင်ကြောင်း၊ သူတို့က နဂိုရ်ကတည်းက အချိန်ဇယားအတိုင်း ချမှတ်ပြီး ၊ ပါတီတွေကလည်း ကိုယ့်အခွင့်အရေးအရ အခက်အခဲတွေ တင်ပြနေကြတာပဲဖြစ်တာတွေ့ရတယ်။

ဒါပေမယ့်လည်း အစိုးရကိုယ်တိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို သူ့ ပါတီအနေနဲ့ ဝင်ပြိုင်မှာဖြစ်တာမို့ ဝင်ပြိုင်မယ့်သူနည်းလေလေ သူ့အတွက် ကောင်းလေလို့ တွက်ချက်မှာဖြစ်ကြောင်း ဒါကြောင့်မို့ပြဌါန်းထားတဲ့ဥပဒေတွေကိုတော့ ပြင်ပေးလိမ့်မယ်လို့ သူမထင်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကိုပြောပါတယ်။

အားလုံးကိုခြုံကြည့်ရင် ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတာလို ဥပဒေတွေဟာ တရားမျှတမှု ဘယ်လောက်ရှိလဲ ဆိုတဲ့ အချက် ပေါ်မှာဘဲ ပါတီတွေအနေနဲ့ ရပ်တည်သွားဖို့ လိုတယ်လို့ လက်ရှိ ပါတီတွေရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦအောင်သိန်းက သုံးသပ်သွားပါတယ်။