ILO ကိုတိုင် သူနှစ် ဦး ထောင်က လွတ်လာ

  • 24 ဩဂုတ် 2010

မြို့နယ် အာဏာပိုင် တချို့ရဲ့ အဓမ္မ လုပ်အား ခိုင်းစေ မှုကို ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ခဲ့သူ တွေနဲ့ ဆက်နွယ် တယ် ဆိုပြီး အဖမ်း ခံထားရသူ နှစ် ယောက် အင်္ဂါနေ့ ကပြန်လွတ်လာခဲ့ ပါတယ်။

Image caption အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး ILO ကြိုး ပမ်း နေ

မြန်မာ နိုင်ငံ အတွင်း အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး အတွက် ILOနဲ့ မြန်မာ အစိုးရ တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အရ မကွေးတိုင်း သရက် အကျဉ်းထောင်ကနေ သူတို့ လွတ်မြောက် လာတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ တွေ ကတော့ ဦးမြင့်မောင်နဲ့ ကိုသူရအောင်တို့ ဖြစ်ပါတယ်။

မန္တလေး အထက် ဗမာပြည် တရားရုံးမှာ ပြင်ဆင်မိန့် လျှောက်ထား ခဲ့ပြီး နောက် သူတို့ လွတ် မြောက်လာတာပါ။ တနည်း ပြောရရင် အယူခံနိုင်လို့ လွတ် လာတာ ဖြစ်ပါတယ်။

အကျိုးစီးပွား ပျက်စီးမှုနဲ ထောင်ဒဏ် ၂ နှစ် ချမှတ် ထားတဲ့ ဦးမြင့်မောင်ကို ထောင်ဒဏ် ၆ လ၊ ထောင်ဒဏ် ၇ နှစ်ချမှတ် ထားတဲ့ ကိုသူရအောင်ကို ထောင်ဒဏ် တစ် နှစ် ဆိုပြီး မန္တလေး တရားရုံးက ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့ ပါတယ်။

နှစ်ယောက်စလုံး ထောင်ထဲမှာ ရှစ်လကျော်စီ နေခဲ့ရ ပြီး ဖြစ်ပါတယ်။

ပြန်လွတ်လာသူ ဦးမြင့်မောင်က ILO ကို တိုင်ကြား သူတွေ၊ ပူးပေါင်း ဆောင်ရွက်သူတွေကို အာဏာပိုင်တွေက လက်တုံ့ပြန်တဲ့ အနေနဲ့ ဖမ်းဆီး အရေးယူတာကို ILO အမြန် လိုက်ပါ ဆောင်ရွက် ပေးပေမဲ့ မလုံလောက်သေးတဲ့ အကြောင်း၊ ဒီ့ထက် ပိုပြီး လုပ်ဆောင်ဖို့ လိုနေ သေးတယ်လို့ သူ လွတ်လာလာချင်း ဘီဘီစီကို ပြောပါတယ်။

အဓမ္မ လုပ်အား ခိုင်းစေမှု နဲ့ ပတ်သက်တဲ့ အမှုမျိုးတွေနဲ့ သရက် ထောင်မှာ အကျဉ်းကျ နေသူ ခြောက်ယောက် ထဲမှာ အခု နှစ်ယောက် ပြန်လွတ်လာပြီမို့ နောက်ထပ် လေးယောက် ကျန်နေပါသေးတယ်။

ILO ရဲ့ ကြားဝင် ဆောင်ရွက် ပေးတဲ့ အတွက် ဆန်းကလေး ရွာက တောင်သူ (၁၁) ယောက် နဲ့ ရှေ့နေ ဦးဖိုးဖြူ တို့ ဒီနှစ် ဆန်းပိုင်းက လွတ်မြောက် လာခဲ့ပါတယ်။