မြန်မာကို ပို့မယ့် တားမြစ် ဆေးတွေ ဖမ်းမိ

  • 24 ဩဂုတ် 2010

ထိုင်းနိုင်ငံမှာ ထုတ်လုပ်ခွင့် မပြုတော့တဲ့ နိုဗယ်ဂျင် စားဆေးနဲ့ ထိုးဆေး အမြောက် အများကို တာချီလိတ်မြို့ တဘက်ခြမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က ဂိုဒေါင် တစ်ခုမှာ နယ်မြေခံ ရဲတွေက သိမ်းဆည်း လိုက် ပါတယ်။

Image caption နိုဗယ်ဂျင် ဆေးတွေမှာ ဘေးထွက် ဆိုးကျိုးတွေ မျာပြား

မြန်မာ နိုင်ငံကို တင်ပို့မယ့် အဲဒီ ဆေးတွေကို တနင်္လာနေ့ က ဖမ်းဆီးမိခဲ့တာပါ။

ထိုးဆေးဗူး တစ် သိန်းခွဲ နဲ့ စားဆေး အလုံး ပေါင်း နှစ်သန်းကျော် ကို ဖမ်းမိခဲ့တယ်လို့ မယ်ဆိုင်မြို့ ရဲစခန်းက မှုခင်းရဲအရာရှိ ရဲဒုတိယဗိုလ်မှူးကြီး က ဘီဘီစီကို ပြောပါတယ်။

ဆေးတွေနဲ့ အတူ ဆေးဂိုဒေါင် စောင့်တဲ့ မြန်မာ နိုင်ငံသား အချိုင်းဆိုသူ ကိုလည်း ဖမ်းဆီး ခဲ့ပြီး ပိုင်ရှင်ကိုတော့ စုံစမ်း နေတုန်း ဖြစ်တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ပြစ်ဒဏ်က ထောင်ဒဏ်ငါးနှစ် ဒါမှမဟုတ် ဒဏ်ငွေလည်း ကျခံနိုင် တယ်လို့ ဆိုပါတယ်။

နိုဗယ်ဂျင် ဆေးကို အကိုက်အခဲ ပျောက်ဆေး အဖြစ် အသုံးပြု နိုင်ပေမဲ့ ဦးနှောက် သွေးယိုတာ၊ အစာအိမ်ကို ထိခိုက်တာ အပါအဝင် ဘေးထွက် ဆိုးကျိုး တွေ များ တာကြောင့် ထိုင်း အစိုးရက ထုတ်လုပ်ခွင့် မပြုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လည်း နိုဗယ်ဂျင် ဆေးကို တင်သွင်းခွင့် ပိတ်ပင်ထားပြီး အများပြည်သူ သုံးစွဲဖို့လည်း မသင့်တဲ့ ဆေး အဖြစ် ကြေညာ ထားတယ်လို့ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။