NDF ခေါင်းဆောင်တွေ ကို ခံဝန်ချက် လက်မှတ် ထပ်ထိုးခိုင်း

  • 25 ဩဂုတ် 2010
khin_maung_swe
Image caption ရွေးကောက်ပွဲ ဝင်ရေး အခက်ကြုံနေတဲ့ ဦးခင်မောင်ဆွေ

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ခေါင်းဆောင် ၄ ယောက်ဟာ ရွေးကောက်ပွဲ ကော်မရှင် မှာ ဝန်ခံချက် လက်မှတ် ထပ်ပြီး ထိုးရမယ် လို့ အကြောင်း ကြား တာ ကို ကြုံနေရပါတယ်။

အခုတခါ လက်မှတ်ထိုးခိုင်းတာက ဖွဲ့စည်းပုံကို စေါင့်ရှောက်ရမယ် ကာကွယ်ရမယ်၊ တိုင်းပြည်ပြိုကွဲအောင် မလုပ်ရဘူး၊ စစ်တပ်ကိုပြိုကွဲအောင် မလုပ်ရဘူး အစရှိတဲ့ ပါတီ တွေ မှတ်ပုံတင်တဲ့အချိန်မှာ ခံဝန်ချက် လက်မှတ်ထိုးထားခဲ့တဲ့ အတိုင်း အခုတခါ သူတို့ လူပုဂ္ဂိုလ် တဦးချင်း ကို ခံဝန်ချက် လက်မှတ် ထပ်ထိုးခိုင်းတာ ဖြစ်ပါတယ်။

ထပ်ပြီး လက်မှတ်ထိုး တင်ရမယ့် NDF ခေါင်းဆောင် ၄ ဦးအနက် က ဦးခင်မောင်ဆွေ ကတော့ သူ့ အနေနဲ့ ထပ်ပြီး မတင် တော့ဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

သူ့ အနေ နဲ့ အစောပိုင်း မှာ တင်ခဲ့တာကတော့ ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ အတွက် တင်တာဖြစ်ပေမယ့် အခုတခါ ပါတီ မှတ်ပုံတင်တုန်း က ခံဝန်ချက် ပေးခဲ့ ရတဲ့ အချက်တွေကိုပဲ ထပ်ပြီးတော့ တင်ပါ ဆိုတဲ့ အခါမှာတော့ သူ့အနေ နဲ့ ပြန်မတင်တော့ ဘူးလို့ ဆုံးဖြတ်ထားကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ကျန် ပုဂ္ဂိုလ် ၃ ဦးဖြစ်တဲ့ ဦးစိန်လှဦး၊ ဦးတင်အောင်အောင် နဲ့ ဦးသာစိုင် တို့ကတော့ ခံဝန် ချက် လက်မှတ်ထိုးပြီး တင်လိုက် ကြပြီ ဖြစ်ပါတယ်။

ဒီလို တင်လိုက်ပေမယ့်လည်း သူတို့ထဲက တချို့က ရွေးကောက်ပွဲ ဝင်ချင်မှ ဝင်မှာ ဖြစ်ကြောင်း လည်း သိရပါတယ်။