မြန်မာ ပဲတင်ပို့ မှု တစ်နှစ်ကို တန်ချိန် ၁ သန်းခွဲ လောက် တင်ပို့ နိုင်

  • 26 ဩဂုတ် 2010
soya bean
Image caption ပဲ က ရ တဲ့ ဝင်ငွေ ဒေါ်လာ သန်း ၁ ထောင် ရှိ

မြန်မာနိုင်ငံက ပဲတင်ပို့ မှု က တနှစ်ကို တန်ချိန် ၁ သန်းခွဲ လောက်တင်ပို့ နိုင် ပြီး ကမ္ဘာမှာ ဒုတိယ ပဲအများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တင်ပို့ ရာသီ မှာ တန်ဘိုး အားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁ ထောင်နီးပါး ဝင်ငွေ ရအောင် တင်ပို့ နိုင်ခဲ့ ပြီး ပဲစျေး ကောင်းခဲ့တဲ့ အတွက် တောင်သူ တွေရော၊ ကုန်သည် တွေပါ တွက်ခြေကိုက် ခဲ့ကြ ပါတယ်။

ပဲပေါ်ချိန်မှာ မတ်ပဲ ပိသာ ၆၀ ပါ တစ်အိပ် ကို ကျပ် ၁သိန်းကျော် ရခဲ့သလို အခုအချိန် မှာလည်း ကျပ် ၈ သောင်း လောက် စျေးပေါက် နေပါတယ်။

လာမယ့် ရာသီ မှာလည်း စျေးကောင်း ရမယ့် အနေအထား ရှိတယ် လို့ ကုန်သည်တွေရော တောင်သူတွေကပါ ခန့်မှန်း နေကြတဲ့ အကြောင်း မြန်မာနိုင်ငံ ပဲနဲ့ နှမ်း ကုန်သည်များ အသင်း ဥက္ကဌ ဦးထွန်းလွင် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ က ပဲ တွေ ကို အများဆုံး တင်သွင်းတဲ့ နိုင်ငံ ကတော့ အိန္ဒိယ နိုင်ငံပါ။

မြန်မာနိုင်ငံက ပဲတင်ပို့မှု ဟာ ကမ္ဘာမှာ ကနေဒါနိုင်ငံ ပြီးရင် ဒုတိယ အများဆုံး တင်ပို့နေတဲ့ နိုင်ငံ ဖြစ်သလို တနှစ်ကို အမေရိကန် ဒေါ်လာ သန်း၁ ထောင်ဖိုး တင်ပို့ နိုင်တဲ့ အတွက် သဘာဝ ဓါတ်ငွေ့ တင်ပို့ မှု က ရတဲ့ ဝင်ငွေ ပြီး ရင် ပဲ က ရတဲ့ နိုင်ငံ ဝင်ငွေ က ဒုတိယ အများဆုံး ဖြစ်ပါတယ်။