ကုလစုံစမ်းရေးဖွဲ့ရန် ကရင်နီထောက်ခံ

  • 26 ဩဂုတ် 2010
ကရင်နီ တို့ရိုးရာ  ကြက်ရိုးထိုးပွဲ
Image caption ကရင်နီ တို့ရိုးရာ ကြက်ရိုးထိုးပွဲ

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ် အပေါ်ရက်ရက် စက်စက် ကျူးလွန်တဲ့ပစ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ စုံစမ်းရေး ကော်မီတီဖွဲ့ဖို အမေရိကန် ကထောက်ခံတာကို ကရင်နီ လူမှု အသင်းအဖွဲ့များကွန်ယက် (KCSN) ကကြိုဆိုလိုက်ပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ စစ်အစိုးရဟာ အစီအစဉ် ရှိရှိ သတ်ဖြတ်တာ၊မတရားပြုကျင့်တာ၊ ပေါ်တာ ဆွဲတာမျိုးတွေ ကျူးလွန် နေတယ်လို့ အဖွဲ့ရဲ့ ဆက်သွယ်ရေးမှူး မီရာ အယ်ဒီက ဘီဘီစီကို ပြောပါတယ်။

ကယားပြည်နယ် အများစုဟာ အစိုးရ သတ်မှတ် ထားတဲ့ အနက်ရောင်၊ အညိုရောင်နယ် မြေတွေမှာ ကျနေတဲ့အတွက် စစ်ကြောင်းလှည့်ရာမှာ ဖမ်းဆီးနှိပ်စက်ခံရသူ

တွေဟာ အသက်ရှင် ဖို့ မလွယ်ဘူးလို့ သူကပြောပါတယ်။

နောက်တခါ ကရင်နီလူမှု အဖွဲ့များကွန်ယက် အနေနဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု တွေကို စနစ် တကျ မှတ်တမ်း ပြုစုထားပြီး စုံစမ်းရေး ကိစ္စတွေပေါ်လာတဲ့အခါ ထုတ်သုံးဖို့ ရည်ရွယ် ကြောင်းလည်း ပြောကြားသွားပါတယ်။

အခုအခါ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးချိုးဖေါက်မှုတွေကို စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဗြိတိန်၊သြစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ ဆိုလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားပါတယ်။