အစိုးရစစ်တပ် ခြုံခိုတိုက်ခံရ

  • 29 ဩဂုတ် 2010
KNU တိုက်ခိုက်မှုတခု
Image caption KNU တိုက်ခိုက်မှုတခု

ထိုင်း မြန်မာနယ်စပ်က ကေအင်ယူရဲ့စခန်းတခု အနားမှာ ကေအင်ယူနဲ့ နအဖတပ်တွေဒီနေ့မနက်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဟာဒီနေ့မနက် ၆ နာရီလောက်မှာ၊ကေအင်ယူတပ်ရင်း ၂၀၁ ရဲ့စခန်းတခုဖြစ်တဲ့၊ ထီးစ လယ်စခန်း မရောက်ခင်လမ်းခုလပ်မှာဖြစ်တာပါ။

ဒီထီးစလယ်စခန်းဟာ၊ထိုင်းနိုင်ငံ၊မဲဆောက်မြို့တောင်ဖက်ကီလိုမီတာ ၈၀ အကွာက၊ဖုဖ်ဖရမြို့ နဲ့မျက်နှာချင်းဆိုင်၊မြန်မာနိုင်ငံ၊မြဝတီမြို့နယ်ထဲမှာရှိပါတယ်။

ကေအင်ယူတပ်ရင် ၂၀၁ ကဗိုလ်ကြီးသာကလို့ဦးဆောင်တဲ့စစ်ကြောင်းကနအဖခြေမြန်တပ် ရင်း ၄၀၇ ကိုကေအင်ယူ၊ထီးစလယ်စခန်းရဲ့အနောက်ဖက် ၄ ကီလိုမီတာလောက်အကွာမှာ ကြားဖြတ် တိုက်ခိုက် လိုက်တာ၊နအဖ စစ်သား တစ်ယောက် သေပြီး၊နှစ်ယောက် ဒါဏ်ရာရ သွားပါတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေးအရာရှိတယောက်ကပြောသွားပါတယ်။

နအဖတပ်တွေဟာ၊မြ၀တီနဲ့ကော့ကရိတ်မြို့တွေကတဆင့်အခုတိုက်ပွဲဖြစ်တဲ့ဒေသဖက်ကိုပြီးခဲ့ တဲ့ရက်ပိုင်းတွေတုံးကပဲတက်သွားတာပါ။

နယ်စပ်အရေး လေ့လာသူတွေကတော့၊နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့၊ဒီကေဘီအေ ဗိုလ်နှုပ်ခမ်းမွှေးကိုသွားတိုက်မယ် လို့ယူဆပေမဲ့၊ ဗိုလ်နှုပ်ခမ်းမွှေးတပ်နဲ့မနီးမဝေး မှာရှိတဲ့၊ကေအင်ယူ တပ်တွေဖက်က ိုရောက်သွားတဲ့ နအဖတပ်နဲ့ကေအင်ယူ တပ်တွေတိုက် ခိုက်ကြတာ ဖြစ်ပါတယ်။