အာဏာရှင် စနစ် အလွယ်တကူ ပျောက်ရိုးမရှိ

Senior General
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်စစ်ဆေးစဉ်

စစ်တပ်ရဲ့ ထိပ်ပိုင်းမှာ ရာထူးအရွှေ့ အပြောင်းသတင်း တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ် ခဲ့ပါတယ်။ဒီလို အနားယူ သွားကြတာဟာ ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ။ အခုလို မြန်မာ စစ်တပ်အတွင်း အကြီး အကျယ်ပြင်ဆင်ဖွဲ့စည်း လိုက်တာဟာ ဘယ်လိုရည်ရွယ်ချက်ပါလဲ။

နှစ်ပေါင်းများစွာ မြန်မာစစ်တပ်ရဲ့ အတိုက်အခံအဖွဲ့ အစည်းအဖြစ် ရပ်တည် လာခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်း ကတော့ ဒီသတင်းဟာ နအဖ ဘက်က အခုအထိ အတည်မပြုသေးတဲ့သတင်း ဖြစ်တာရယ် ဒီလို အရေးကြီးတဲ့ သတင်းမျိုးက ဘာကြောင့် ပေါက်ထွက် လာရသလဲဆိုတဲ့ အချက်တွေဟာ စဉ်းစား စရာတွေဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းဟာ ဟုတ်တယ် ဆိုသည့်တိုင် ဗမာပြည်မှာ စစ်အစိုးရ ရယ်လို့ထူထောင်လာခဲ့တဲ့ စစ်အုပ်စုဟာ ဗိုလ်ချုပ် နေဝင်းကစလို့ ဘယ်သူမှ အာဏာကို အလွယ်တကူ စွန့်လွှတ်တယ်လို့ မရှိတဲ့အကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

အခုဟာက ဗိုလ်ချုပ်မှူးကြီး သန်းရွေဟာ ရာထူးက ဆင်းပေးသွားသည့်တိုင် နောက်ကွယ်ကနေ သြဇာ လွှမ်းမိုး နေအုန်းမှာ ဖြစ်တယ်၊ သြဇာ မလွှမ်းမိုးပဲနဲ့ အာဏာကို ခွါမယ့်သူမဟုတ်တဲ့အကြောင်း ၊ ရဲဘော်ဖိုးသံချောင်က ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ နအဖဟာ ဒီရွေးကောက်ပွဲပြီးတဲ့အခါ သူတို့ရဲ့ သွင်ပြင် image ကို တော်တော့်ကို ပြောင်းလဲဖို့ကြိုးစား ထားဟန်တူကြောင်း၊ အနှစ်သာရ မပြောင်းပဲ သွင်ပြင် ပြောင်းရေးအတွက် တကယ့်ကို ပုံအောထားတဲ့ သဘော တနည်းအားဖြင့် သူဌေးဖြစ် ခွေးဖြစ်အောတာလို့သူထင်မြင်ကြောင်း ထောက်ပြသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေးဦးစီးချုပ်ရာထူးက ဆင်းပေးလိုက်ယုံနဲ့လည်း စစ်အာဏာရှင်စံနစ်ဟာ ပြောင်းလဲသွားမှာမဟုတ်တဲ့အကြောင်း စစ်အာဏာရှင် စံနစ်မှာ ထိပ်ဆုံးကလူဟာ သူနဲ့ မတူတဲ့သူတွေကို သူ့ အနားမှာ ထားလေ့မရှိကြောင်း သူ့ဘေးက သူ့အောက်က လူတွေဟာ သူနဲ့အတွေး အခေါ်အရ တူကြတဲ့သူ တွေဖြစ်တဲ့ အပြင် သူ့ လိုပဲ တိုင်းပြည်ရဲ့ရတနာတွေ အရင်းအနှီးတွေကို ချုပ်ကိုင်ထားသူတ ွေဖြစ်တဲ့အကြောင်း အာဏာကဆင်းသွားရင် ဒါတွေ လက်လွတ်သွားမှာ စိုးရိမ်ကြသူတွေသာ ဖြစ်တဲ့အကြောင်း ဒါကြောင့်မို့ နောက်လာတဲ့သူက ဒိုင်းဝန်ထက်မကဲဘူးလို့ ဘယ်သူမှ မပြောနိုင်တဲ့ အကြောင်း ရဲဘော်ဖိုးသံချောင်းက ဘီဘီစီကို ပြောကြားသွားပါတယ်။