ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး ထွက်မထွက်။

  • 31 ဩဂုတ် 2010
Than Shwe
Image caption စစ်အစိုးရထိပ်တန်း ခေါင်းဆောင်တွေ ရာထူးက အနားယူမယူ မသေချာသေး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးသန်း ရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအပါအဝင် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင် တွေ ရာထူးက နှုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ဒီနေ့ထုတ်သတင်းစာ တွေထဲမှာ တော့ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလေးရှား လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာပေးပို့တဲ့ အကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး စစ်အစိုးရခေါင်း ဆောင်တော်တော်များများ ရာထူးနှုတ်ထွက်တယ်ဆိုတဲ့ သတင်းဟာ အသစ်ခန့်ထားတဲ့သူတွေရဲ့ နာမည်စာရင်းနဲ့တကွ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီနေ့သတင်းစာမှာတော့ အပြောင်းအလဲစာရင်းမှာ ပါတဲ့အတိုင်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာမှာ တိုင်းမှူးအသစ် ဗိုလ်ချုပ်ထွန်းသန်းနာမည်ကို ဖော်ပြထားတာတွေ့ရပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နာမည်မှာတော့ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ ရာထူးအမည်စာလုံးကို ဆက်လက်သုံးစွဲထားပါတယ်။

ဒီတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နအဖ ဥက္ကဌနေရာနဲ့ ဗိုလ်ချုပ်မှူးကြီးရာထူးကိုတော့ ဆက်လက် ရယူထားဆဲဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဆက်လက်ပြီး ရှိနေသေးသလား မရှိတော့ဘူးလားဆိုတဲ့ အချက်ကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။