ရဲမွန်တပ်ပြဿနာ မဖြေရှင်းနိုင်သေး

  • 14 စက်တင်ဘာ 2010
Soldier
Image caption တပ်တွင်းစားဝတ်နေရေးပြဿနာကနေ ရဲမွန်ဇာတ်လမ်းစခဲ့

ရဲမွန်တပ်ရင်း ၈ ရင်းက တပ်ရင်းမှူးတွေ အဖမ်းခံရပြီးတဲ့နောက် ကျန်တဲ့ အရာရှိ အရာခံနဲ့ တပ်သားတွေ အရွှေ့အပြောင်း ခံနေရတယ်လို့ တပ်ကြပ်ကြီး တစ်ဦးက ပြောပါတယ်။

“အခု ကျနော်တို့ တပ်မှာဆိုရင် ရဲဘော်တွေကို ကြိုတင်အသိမပေးပဲ တပ်နေရာတွေ ပြောင်း ပစ်တယ်၊ သိမ်းထားတဲ့ လက်နက်တွေ လည်း အခုထက်ထိ ချမပေး သေးဘူး၊ တပ်ရင်း လုံခြုံရေးကို တပ်မ ၁၁ ကပဲ တာဝန်ယူထားတာ ၊ ဘဏ်စုငွေတွေလည်း ထုတ်မပေးသေးဘူး၊ ချထားတဲ့ လုံခြုံရေး တွေလည်း ပြန်မရုပ်သိမ်းသေးဘူး” လို့ ရဲမွန်တပ်ကြပ်ကြီး တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရဲမွန်တပ်တွေကိစ္စ အပြင်ဘက်ကို မပေါက်ကြားရအောင်နဲ့ တပ်ရင်းအတွင်း ဘာမှမဖြစ်ပဲ ပုံမှန်အနေအထားလို့ အများထင်အောင် ရဲမွန်မြို့အတွင်းမှာ တပ်မ ၁၁ က တပ်မမှူး ကိုယ်တိုင်လာပြီးတော့ ဘော်လုံးပွဲ၊ ခြင်းပွဲ၊ လက်ဝှေ့ပွဲလို ပွဲတွေကို အားကစားရုံကွင်းမှာ လုပ်ပေးနေတဲ့အကြောင်း သူက ပြောပါတယ်။

ဒီပွဲတွေမှာ ရဲမွန်တပ်ရင်းက ရဲဘော်တွေမပါပဲ တပ်မ ၁၁ နဲ့ ရန်ကုန်တိုင်းက တပ်သားတွေသာ ပါဝင်တယ်လို့ တပ်ကြပ်ကြီးက ပြောပါတယ်။

ရဲမွန်တပ်ရင်းတွေမှာ အခုထက်ထိ တပ်ရင်းမှူးအသစ်တွေ ရောက်မလာသေးသလို ဘဏ်စုငွေပြန်ထုတ်ပေးဖို့ ပြဿနာအပါအဝင် တပ်တွင်းပြဿနာတွေ ပြေလည်မှု မရှိသေး ဘူးလို့ သူက ပြောပါတယ်။