ကချင်ကိုယ်စားလှယ်များ ပယ်ချခံရ

  • 16 စက်တင်ဘာ 2010
Dr Tu Ja
Image caption ကချင်ပါတီလည်းဖွဲ့ခွင့်မရ၊ တစ်သီးပုဂ္ဂလ လည်း ပါခွင့်မရသည့် ဒေါက်တာ တူးဂျာ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကနေ နှုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ခဲ့ကြတဲ့ ကချင်းခေါင်းဆောင်တွေကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရ တယ်လို့ သိရပါတယ်။

KIO ဒုတိယဥက္ကဌဟောင်း ဖြစ်တဲ့ ဒေါက်တာ တူးဂျာ ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အဖြစ် ထူထောင်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ လျောက်ထားခဲ့ပေမယ့် ပါတီအဖြစ် ဖွဲ့ခွင့်မရလို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နဲ့သာ ဝင်ဖို့ လျောက်ထားခဲ့ပေမယ့် အခု ထပ်ပြီး အငြင်းခံရတာ ဖြစ်ပါတယ်။

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့အဖွဲ့က ကိုယ်စားလှယ် ၁၂ ဦးစလုံး ငြင်းပယ် ခံရတယ်လို့ သိရပြီး ဘာကြောင့် ငြင်းပယ်သလဲဆိုတာကိုတော့ မသိရသေး ဘူးလို့ KSPP အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေးအကဲခတ်တွေကတော့ ဒီအဖွဲ့ဟာ KIO နဲ့ ဆက်စပ်နေတဲ့ အတွက် ငြင်းပယ်ခံရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရက KIO ကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့၊ လက်နက်ချဖို့ပြောပေမယ့် KIO က လက်မခံပဲ အခြားအပစ်ရပ်တိုင်းရင်းသားအဖွဲ့တချို့နည်းတူ ငြင်းဆန်နေခဲ့ပါတယ်။

မကြာခင်သတင်းပတ်တွေကလည်း မြန်မာနအဖနယ်မြေအတွင်း KIO ရဲ့ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်တဲ့ စည်းမျဉ်းတွေလည်း ချမှတ် ခဲ့ပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးတွေ ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အစိုးရက ထောက်ခံတဲ့ ပါတီတွေရဲ့ ကိုယ်စား လှယ်တွေကတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်လို့ သိရပါတယ်။