ဘာသာစုံ ဆုတောင်းပွဲ လန်ဒန်မှာ ကျင်းပ

  • 20 စက်တင်ဘာ 2010
monkprotest
Image caption ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု

၂ဝဝ၇ ခု ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု သုံးနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အင်္ဂလန် နိုင်ငံ ရောက် မျိုးချစ်မြန်မာ ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး လန်ဒန်မြို့လယ် Trafalgar Square ရင်ပြင်မှာ ဘာသာစုံ ဆုတောင်းပွဲ ကျင်းပပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ ခရစ်ယန် နဲ့ အစ္စလမ် ဘာသာရေး ဆရာ တွေက ရွှေဝါရောင် လှုပ်ရှားမှု မှာ အသက်ပေးလှူ သွားကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား လူငယ်တွေ ကို ရည်စူး မေတ္တာပို့ ပြီး မီးထွန်းညှိ ရာမှာ Red September စာတန်း ကို ပုံဖေါ်ကြပါတယ်။

သွေးရောင်လွှမ်းတဲ့ စက်တင်ဘာလ လို့ ရည်ညွှန်းရခြင်း အကြောင်းရင်းမှာ ၁၉၈၈ ခုနှစ်က စစ်တပ် အာဏာသိမ်းတဲ့ အခါမှာ ရဟန်းရှင်လူ ကျဆုံး ပျံလွန်ကြရသလို ၂ဝဝ၇ မှာလည်း အလားတူ ကြမ္မာဆိုး နဲ့ တိုးရပုံကို ပေါ်လွင် စေတဲ့ အကြောင်း မျိုးချစ်မြန်မာ ကျောင်းသား အဖွဲ့ဝင် ကိုထက်ခေါင်လွင်က ဘီဘီစီ ကို ရှင်းပြပါတယ်။