ရခိုင်က မွတ်ဆလင်များကို မဲပေးခွင့်ကတ်ထုတ်ပေး

  • 21 စက်တင်ဘာ 2010
Parliament
Image caption ရွေးကောက်ပွဲအပြီး အမတ်တွေ ထိုင်မယ့် ပါလီမန်

ရခိုင်ပြည်နယ်အတွင်းမှာ မဲပေးပိုင်ခွင့် ရှိသူတွေကို မဲစာရင်းတွေ ထုတ်ပြန်ရာမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြားမရှိသေးတဲ အစ္စလန်ဘာသာဝင်တွေကို မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ ယာယီသက်သေခံကဒ်ပြားတွေ ထုတ်ပေးနေပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူအနေနဲ့ နိုင်ငံသားစီစစ်ရေးကဒ်ရှိမှ မဲပေးရမယ်၊ မဲပေးမယ့်သူဟာ နိုင်ငံသားစီစစ်ရေးကဒ် မရှိသော်ငြားလည်း မဲပေးနိုင်ဖို့ အတွက် နိုင်ငံသားစီစစ်ရေးကဒ်ထုတ်ပေးရမယ့်အစား မဲပေးရမယ့် စာရွက်ဆိုပြီး အစ္စလန် ဘာသာဝင်တွေကို သီးခြားလုပ်ပေးနေတဲ့အကြောင်း ရခိုင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီစာရွက်မှာ မဲပေးရန်အတွက်သာဖြစ်တယ်လို့ ရေးထားသလို ခရီးသွားလာရန်အတွက် မဟုတ်ပါလို့လည်း ရေးထားတဲ့အကြောင်း အဲဒီရခိုင်ဒေသခံကပဲ ဘီဘီစီကို ပြောပြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ခရီးသွားလာခွင့်နဲ့ မှတ်ပုံတင်တွေ လုပ်ပေးမယ်ဆိုပြီးတော့ အစ္စလန်ဘာသာဝင်တွေကို လိုက်လံစည်းရုံးနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။