မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ ကွန်ယက် ဆွေးနွေးပွဲ

  • 27 စက်တင်ဘာ 2010
aung htoo
Image caption မြန်မာနိုင်ငံရှေ့နေများကောင်စီ မှ ဦးအောင်ထူး

ဂရိနိုင်ငံ အေသင်မြို့မှာ နှစ်ရက်ကြာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပကွန်ယက် European Burma Network အစည်းအဝေး ဆုံးဖြတ်ချက် ထဲမှာ လာမဲ့ မြန်မာ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မဖြစ်နိုင်တဲ့ အကြောင်း၊ ဒါကြောင့်မို့ ဥရောပ သမဂ္ဂ အနေနဲ့ စစ်အစိုးရ ရဲ့ စစ်ရာဇဝတ် ကျူးလွန်မှု တွေ အပေါ် အရေးယူနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ရေး ဝိုင်းဝန်းထောက်ခံရေး၊ ကုလ ဦးဆောင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်ရေး၊ စတာတွေ ပါဝင်ပုံ ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဉရောပ ဥက္ကဌ ဒေါက်တာဝင်းနိုင်က ဘီဘီစီ ကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးကလဲ ၂ဝ၁ဝ ရွေးကောက်ပွဲ ဟာ ၂ဝဝဂ ခု ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ကို အကောင်အထည် ဖေါ်ရန် ကျင်းပတဲ့ အကြောင်း၊ ဒီဉပဒေ ရဲ့ ပုဒ်မ ၄၄၅ မှာ စစ်အစိုးရက မိမိဖါသာ လွတ်ငြိမ်း ချမ်းသာခွင့် ပြုထားလို့ နိုင်ငံတကာ ဉပဒေနဲ့ ဆန့်ကျင်ကြောင်း၊ ဒါကြောင့်မို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ၂ဝဝဂ အခြေခံ ဉပဒေ အရ ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဟာ ပျက်ပြယ်ကြောင်း ကြေငြာပေး လုပ်ဆောင်သင့်ပုံ ကို ဥရောပ သမဂ္ဂ ကပါ ထောက်ခံရေး တင်ပြခဲ့ ကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၅၅၄ အရ၊ ၁၉၈၄ ခုနှစ်က တောင်အာဖရိက နိုင်ငံရဲ့ ၁၉၈၃ ဖွဲ့စည်းပုံ အခြေခံဉပဒေ အရ၊ ပေါ်ပေါက်ခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပျက်ပြယ်ခဲ့ပုံကို ဦးအောင်ထူးက အေသင် ဥရောပ အစည်းအဝေးမှာ ထောက်ပြခဲ့ပုံ ကို ပြောပြပါတယ်။