သံဃာ့အရေးအခင်း ၃ နှစ် နှစ်ပတ်လည်

  • 27 စက်တင်ဘာ 2010
monks

ဒီနေ့ဟာ ၂၀၀၇ စက်တင်ဘာသံဃာ့ အရေးအခင်းတုန်းက ရန်ကုန်မှာ သံဃာ တော်တွေကို မြန်မာနအဖအစိုးရစစ်တပ်က စတင် ဖြိုခွင်း ပစ်ခတ်ခံရတဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။

လောင်စာဆီစျေးနှုန်းမြင့်တက်မှု နဲ့ ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့ရာက ပခုက္ကူက သံဃာ တော်တွေကို အာဏာပိုင်တွေက ရိုက်နှက်ခဲ့မှုနောက်ပိုင်း သောင်းနဲ့ သိန်းနဲ့ ချီတဲ့ သံဃာတော်တွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကို အစိုးရက လက်နက် နဲ့ နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာပဲ ဂျပန်သတင်းထောက် ကန်ဂျိ နာဂအိလည်း ဆူးလေ ဘုရားလမ်းနဲ့ အနော်ရထားလမ်းထောင့်မှာ ပစ်ခတ်သတ်ဖြတ်ခံရပါတယ်။

အဲဒီနေ့က အဖြစ်အပျက်မှာ သံဃာ့ တပ်ပေါင်းစုအဖွဲ့က လက်ရှိ ရန်ကုန်တိုင်းတာဝန်ခံ ဦးဓမ္မသီရိလည်း ပါဝင်ခဲ့ပြီး အဲဒီတုန်းက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြန် ပြောပြပါတယ်။

သံဃာတော်တွေဟာ အကျဉ်းထောင်တွေထဲမှာ ညှဉ်းပမ်းနှိပ်စက်ခံရတယ်လို့ ဦးဓမ္မသီရိက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ လက်ရှိ မြန်မာအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထောင်ချ ထားတဲ့ သံဃာ အပါး ၂၅၅ ပါးရှိပြီး အဲဒီထဲက ၁၆၃ ပါးဟာ ၂၀၀၇ သံဃာ့အရေးအခင်းဖြစ်ပြီးနောက်ပိုင်းမှာ အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။