နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2010 - 20:17 GMT

မိုဘီဂျီနို နဲ့ သတင်းကျောင်းသူ

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေကြိုဆိုပါတယ်။

ဒီနေ့ ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်တွေကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ ညတိုင်း ထုတ်လွှင့်ပေး နေတာပါ။

Newsroom

ဘီဘီစီ သတင်းဌာန သတင်းခန်းတစ်ခု

ဒီတစ်ပတ်အစဉ်မှာတော့ . . .

ရန်ကုန်က မီဒီယာကျောင်းသူလေးတစ်ဦးရဲ့အတွေ့အကြုံတွေနဲ့ သူ့ရဲ့အိပ်မက်တွေ အကြောင်း တင်ဆက်ထားပါတယ်။

ဒီနေ့ခတ် မြန်မာနိုင်ငံက သတင်းမီဒီယာလုပ်ငန်းဟာ အရင် ၁၀ စုနှစ်နဲ့စာရင် အများကြီး ဖြစ်ထွန်းလာပါတယ်။

သတင်း လွတ်လပ်ခွင့်က အကန့်အသတ်ရှိပေမယ့် ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား နဲ့ သတင်းထောက်တွေဟာ အရေအတွက်အားဖြင့်တော့ အများကြီး တိုးလာပါတယ်။ ရန်ကုန်မြို့မှာ ခလုတ်တိုက်မိရင်တောင် သတင်းထောက်နဲ့ ဝင်တိုက်မိမလားလို့ ထင်စရာ ရှိပါတယ်။

Cameramen

အာဆီယံအစည်းအဝေးကို မှတ်တမ်းတင် သတင်းယူနေတဲ့ ကင်မရာသမားများ

အကြောင်းအရာ ကဏ္ဍမျိုးစုံအောက်မှာ ဂျာနယ်တွေ အလျိုလျို ထွက်လာကြသလို အဲဒီဂျာနယ်တွေအတွက် အလုပ်လုပ်ကြတဲ့ သတင်းထောက်တွေကလည်း သတင်းပညာအတွေ့အကြုံရှိသူရော အတွေ့အကြုံမရှိသူတွေပါ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ သတင်းထောက်တွေအတွက် အခုဆိုရင် ပြည်တွင်းမှာရော ပြည်ပမှာပါ သတင်းပညာလေ့လာစရာ အခွင့်အလမ်း တွေက အများအပြားရှိနေပါတယ်။

ပြည်ပမှာ ဆိုရင် ကာလတို ကာလရှည်၊ နောက် ဘွဲ့ပညာရပ် သင်တန်းတွေကို ပညာသင်ဆုနဲ့ သွားတက်တဲ့ မြန်မာတွေ အများအပြားတွေ့လာရပါတယ်။

ပြည်တွင်းမှာဆိုရင်လည်း ဂျာနယ်တွေနဲ့ NGO တွေက အခါအားလျော်စွာ ဖွင့်တဲ့ သင်တန်းတချို့ ရှိနေသလို အစိုးရက မကြာခင်နှစ်ပိုင်းက ဖွင့်တဲ့ ဘွဲ့ဒီဂရီပေးတဲ့ သင်တန်း တစ်ခုလည်း ရှိပါတယ်။

အဲဒီဘွဲ့သင်တန်းတက်နေသူ ကျောင်းသူတစ်ဦးဖြစ်တဲ့ မမီးမီးက သူ့အတွေ့အကြုံတွေကို မိုဘီဂျီနိုအစီအစဉ်မှာ ပြောပြထားပါတယ်။

BBC College of Journalism (CoJo)

Newsroom

မိုဘီဂျီနို ပရိသတ်တွေထဲက သတင်းပညာကို စိတ်ဝင်စားသူတွေအတွက် ဘီဘီစီအင်တာနက်စာမျက်နှာမှာလည်း သတင်းပညာတချို့ကို လေ့လာ နိုင်ကြပါတယ်။

BBC College of Journalism ဘီဘီစီ သတင်း ပညာ ကောလိပ် (CoJo) လို့ ခေါ်ပါတယ်။ ကမ္ဘာပေါ်က သတင်းမီဒီယာ လုပ်ငန်းတွေထဲမှာ ဂုဏ်သိက္ခာကြီးမားတဲ့ ဘီဘီစီရဲ့ သတင်းပညာကတော့ သတင်းထောက်တွေ အနည်းဆုံး ဖတ်ဖူးထားသင့်တဲ့ ပညာရပ်မို့ လေ့လာလိုသူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။


သတင်းမီဒီယာကျောင်းသူလေးတစ်ဦးက သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှပြောပြသွားသလို မိုဘီဂျီနို ပရိတ်သတ်တွေထဲမှာလည်း ကိုယ့်ရဲ့ စိတ်ဝင် စားဖွယ် အတွေ့အကြုံတွေ ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်သိချင် နားဆင်ချင်တဲ့ အကြောင်းအရာတွေ ရှိရင်ပဲဖြစ်ဖြစ်၊ ဝေဖန်အကြံပြုလိုရင်ဖြစ်ဖြစ် ဒီကဏ္ဍကို ဆက်သွယ်နိုင်ကြပါတယ်။

ဆက်သွယ်ချင်ရင်တော့ စာတိုက်သတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို စာရေးသားပို့နိုင်ပါတယ်။

အီးမေးလ်းနဲ့ ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။