ရှမ်းပြည်နယ်မှာ အစိုးရရဲ့ ပြည်သူ့စစ်တွေ မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ကိုင်

  • 29 စက်တင်ဘာ 2010
Image caption ဘိန်းပင်နဲ့ ဘိန်းစေး

ရှမ်းပြည်နယ်မှာ မြန်မာအစိုးရက အသုံးပြုနေတဲ့ ပြည်သူ့စစ်တွေဟာ မူးယစ်ဆေးဝါးစိုက်ပျိုးမှုကို အဓိက လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌါနက ဒီကနေ့ ထုတ်ဖေါ်ပြောဆိုပါတယ်။

ရှမ်းပြည်နယ် ၅၅ မြို့နယ်အနက် ၄၆ မြို့နယ်မှာ အခုအချိန်ထိ ဘိန်းစိုက်ပျိုးနေဆဲဖြစ်တယ်လို့ ရှမ်းသံတော်ဆင့်ရဲ့ တတိယအကြိမ်မြောက် မူးယစ်ဆေးဝါး စေါင့်ကြည့်ရေး အထူးသတင်းလွှာထဲမှာ ဖေါ်ပြထားပါတယ်။

ရှမ်းသံတော်ဆင့်သတင်းဌါနရဲ့ အဆိုအရ ရှမ်းပြည်မြောက်ပိုင်းဒေသ တခုထဲမှာတင် လက်နက်ကိုင် ြည်သူ့စစ်အဖွဲ့ ၄၀၀ လောက်ရှိနေပြီး သူတို့ဟာ အစိုးရခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်နေကြတယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။

ဒီအထဲက တချို့အဖွဲ့တွေဟာ စက်ရုံတွေဖွင့်နိုင်တဲ့အထိ အင်အားရှိပြီး တချို့အဖွဲ့တွေကတော့ သူတို့နယ်ထဲမှာ ဘိန်းစိုက်ခွင့်နဲ့ ဘိန်းခွန်ကောက်ယူခွင့် ရှိနေကြတယ်လို့လည်း ဆိုပါတယ်။

မူးယစ်ဆေးဝါးလုပ်ငန်းလုပ်ကိုင်နေသူတွေထဲမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူတွေ ပါဝင်နေတယ်လို့လည်း ဦးခွန်ဆိုင်းက ပြောသွားပါတယ်။