ပင်စင်စားတွေရဲ့ လခ တိုးပေးဖို့ တောင်းဆို

  • 30 စက်တင်ဘာ 2010
Image caption မြန်မာနိုင်ငံက ပင်စင်စားတွေ ရပ်တည်ဖို့ လစာငွေ လုံလောက်

မြန်မာနိုင်ငံမှာ ပင်စင်စားတွေဟာ ရတဲ့လခနဲ့ မလောက်တာကြောင့် တိုးပေးဖို့ နိုင်ငံတော် အကြီးအကဲတွေဆီ စာပို့ တောင်းခံခဲ့ပါတယ်။

အစိုးရ ဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်ပြီး ပင်စင်ယူခဲ့ရတဲ့ သက်ကြီး ရွယ်အိုတွေဟာ ရတဲ့ ပင်စင်လစာ သုံးလေး ငါးထောင်နဲ့ မရပ်တည်နိုင် ကြဘူးလို့ ပဲခူးမြို့က ပညာရေး ဝန်ထမ်းဟောင်း ပင်စင်စား တဦးက ပြောပါတယ်။

မိုးကျရင် အမိုးကာဖို့ မရှိဘူး ၊ အရင်းအနှီးလည်း မရှိ ၊ အပြင်လုပ်ငန်းလည်း မလုပ်ကိုင်တက် ၊ သားသမီးတွေ ဆီကလည်း အကူညီတောင်းလို့ မရနိုင်တာကြောင့် အသက်ရှင် ရပ်တည်ဖို့ ခက်ခဲနေပါတယ်။

မနက်စာရှိရင် ညစာမရှိ ၊ ညစာရရင်လည်း ဟင်းမပါဘူး ၊ အခြေအနေက စုတ်ပြတ်သပ်နေပြီး ဘဝက နုံချာလှတယ်လို့ ပင်စင်စား တယောက်က ပြောပါတယ်။

မီးရထား ၊ ဆည်မြောင်း ၊ စိုက်ပျိုးရေး ၊ ပညာရေး ဌာနနဲ့ ကုန်သွယ်ရေး ဌာနတွေက ပင်စင်စား ဝန်ထမ်းပေါင်း ၂ဝ နီးပါးက စာရေးတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

မျှော်လင့်ချက်နဲ့ တောင်းဆိုတာကြောင့် အခု အခက်အခဲကို ဖြေရှင်းပေးမယ်ဆိုရင် ဖြေသာပါတယ်လို့ ဆိုပါတယ်။