ဦးတင်ဦး မျက်စိ အောင်မြင်စွာ ခွဲစိတ်ပြီး

  • 30 စက်တင်ဘာ 2010

ဆေးဝါး ကုသမှု ခံယူဖို့ စင်္ကာပူ နိုင်ငံကို ရောက်နေတဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးရဲ့ မျက်စိကို ဒီကနေ့ ကြာသပတေး နေ့က အောင်အောင် မြင်မြင် ခွဲစိတ် ကုသ နိုင်ခဲ့ပါတယ်။

Image caption နှစ်ဆန်းပိုင်းက အန်အယ်လ်ဒီ ရုံးချုပ်မှာ တွေ့ရတဲ့ ဦးတင်ဦး

တိမ်ဖုံး နေတဲ့ ဦးတင်ဦးရဲ့ ဘယ်ဘက် မျက်စိကို ခွဲစိတ်မှု အောင်မြင်တဲ့ အတွက် ကြည်ကြည် လင်လင် ပြန်လည် မြင်ရမှာ ဖြစ်တယ်လို့ သူ့ကို ခွဲစိတ် ကုသပေးခဲ့တဲ့ ဆရာဝန် တွေက ပြော ပါတယ်။

ဦးတင်ဦးရဲ့ မျက်စိ ထဲမှာ မျက်ကပ်မှန် ထည့် သွင်း ကုသ ပေးခဲ့တာ ဖြစ်တဲ့ အတွက် မြင်နိုင် စွမ်းအား ပိုမို ကောင်းမွန် သွား လိမ့် မယ်လို့ ဆရာဝန် တွေက ပြောတဲ့ အကြောင်း လည်း သူ့ကို အနီးကပ် စောင့်ရှောက် ပေးနေသူ တစ်ယောက်က ပြန်ပြော ပြ ပါတယ်။

ခွဲစိတ် ရာမှာ အချိန် ယူခဲ့ရ ပေမဲ့ အမြင်အာရုံ ကောင်းမွန် လာမှာကို သိရလို့ ဝမ်းသာ မိတဲ့ အကြောင်းနဲ့ ကုသ ပေးသူ တွေကိုရော စိတ်ရော ကိုယ်ပါ ဝိုင်းဝန်း ကူညီ ကြသူ တွေကိုပါ ကျေးဇူးတင်တဲ့ အကြောင်း ဦးတင်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ကျန်းမာရေး အတွက် ကုသမှု ခံယူ နေရတဲ့ အခုလို အချိန်မှာ အတတ်နိုင်ဆုံး အားပေး ကူညီ ခဲ့ကြတာတွေကို အားရ ကျေနပ်မှု ဖြစ်ပြီး သူ မျက်စိ နှစ်လုံး ပြန်လည် အလင်း ရလာတဲ့ အခါ ဒီမိုကရေစီရေး၊ လူ့ အခွင့် အရေး သတဲ့ နိုင်ငံ့ အရေး ကြိုးပမ်းမှု ကိစ္စ အဝဝကို အတတ် နိုင်ဆုံး ဆောင်ရွက် သွားမယ်လို့ လည်း ဦးတင်ဦးက အခိုင် အမာ ကတိပြု လိုက် ပါတယ်။

မျက်လုံးမှာ စည်းနှောင် ထားတဲ့ ပတ်တီးတွေကို သောကြာနေ့မှာ ဖယ်ရှား ပြီးရင် ဆေးရုံ ကနေ ပြန်ဆင်း နိုင်မှာ ဖြစ်ပါတယ်။