မြန်မာအလုပ်သမားများကို အခွန်သစ်ကောက်

  • 1 အောက်တိုဘာ 2010
Burmese Workers
Image caption ထိုင်းရောက် မြန်မာ စက်ရုံအလုပ်သမားများ ထမင်းစား နားနေစဉ်

ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ ကို နေရပ်ရင်း ပြန်ပို့ရေး ရန်ပုံငွေ ကောက်ခံဖို့ အလုပ်သမား ဝန်ကြီးဌာန ဥပဒေ ထုတ်ပြန်လိုက်ပါတယ်။

နေရပ်ပြန်ပို့ရေးရန်ပုံငွေကို အလုပ်သမားတွေ ဆီက တစ်လကို ဘတ် ၄၀ဝ နှုန်းနဲ့ ၆လ ကောက်မှာ ဖြစ်ပါတယ်။

လာမယ့် နှစ်ဆန်းပိုင်းမှာ စတင်ကောက်မှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ထနစ် နုမ်နွိုင့်က ဘီဘီစီကို ပြောပါတယ်။

ဒီငွေ ဘတ် ၂၄၀၀ ကို ထိုင်းနိုင်ငံမှာ အလုပ်မလုပ်ဘဲ နေရပ်ပြန်တဲ့အခါ နယ်စပ်မှာ ပြန်ထုတ်ပေးမှာဖြစ်တယ်။

တကယ်လို့ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်ပြီးနောက် ထိုင်းနိုင်ငံမှာ ခိုးနေမယ်၊ ဒါမှမဟုတ် ရာဇဝတ်မှုကျူးလွန်မယ်ဆိုရင်တော့ ဒီငွေကို အစိုးရက သိမ်းလိုက်မှာဖြစ်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။

အခုအစီအစဉ်ဟာ လစာနည်းတဲ့ အလုပ်သမားတွေ အတွက်တော့ ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အခုလို ရန်ပုံငွေ ကောက်ခံမှာကို ထိုင်းရှေ့နေများကောက်စီကလည်း သဘောမတူဘူးလို့ ပြောပါတယ်။