စက်လှေ မှောက် လို့ ကျောင်းသားတွေ သေဆုံး

  • 6 အောက်တိုဘာ 2010
labutta
Image caption တင်ထားတဲ့ လူများလွန်း လို့ စက်လှေ မှောက်တာ ဖြစ် လို့ ဆိုကြ

ဗုဒ္ဓဟူး နေ့ မနက် အစောပိုင်း က လပွတ္တာ အောက်ဖက် ရေမိုင် ၂၀ လောက်အကွာ ပင်လယ်ပြင်မှာ ဆရာ ဆရာမ တွေ အပါ အဝင် အလယ်တန်း ကျောင်းသူ ကျောင်းသား ၈၀ လောက် တင် ဆောင်ထားတဲ့ စက်လှေ တစီး တိမ်းမှောက် နစ်မြုတ် ခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၆ ဦး သေဆုံးခဲ့ ပါတယ်။

သေဆုံးသွားတဲ့ ၃၆ ဦးထဲမှာ ၂ ဦး က ကျောင်း ဆရာမ တွေ ဖြစ်ပြီး ၃၄ ဦး က ကျောင်းသူ ကျောင်းသား တွေပါ။

သေဆုံး သူတွေ အခု ထက် မက ရှိနိုင်ပြီး ပေျာက်ဆုံး သူတွေကို ကယ်ဆယ်နိုင်ရေး ကြိုးစား နေကြဆဲ လို့ သိရပါတယ်။

ပြင်ကနူ ကုန်း၊ ပိတောက်ကုန်း၊ စလူဆိပ်၊ ပဒဲကော စတဲ့ ရွာတွေ က ကျောင်းသူ ကျောင်းသား တွေ ဟာ ဆရာ ဆရာမ တွေ နဲ့ အတူ မိကျောင်းအိုင် ရွာကို ကျောင်းသား အားကစားပွဲတော် အတွက် အသွား အခုလို အဖြစ် နဲ့ ကြုံခဲ့ ကြရ တာပါ။

စက်လှေ မှောက်တာ ဟာ ဝန်နဲ့ မမျှ လို့ မှောက် တာ လို့ ဒေသခံ တွေ က ယူဆ နေပါတယ်။