ရွေးကောက်ပွဲမှာ ရာနှုံးပြည့် နိုင်အောင်လုပ်ဖို့ ညွှန်ကြားချက်ရှိပုံရ

  • 7 အောက်တိုဘာ 2010
Image caption ရွေးကောက်ပွဲနောက်ပိုင်း ပြောင်းလဲမဲ့ပုံမမြင်

မြန်မာစစ်အစိုးရအနေနဲ့ စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်းရတာဟာ နိုင်ငံတကာနဲ့ဆက်ဆံရာမှာ အခက်အခဲ ရှိတာကြောင့် တကြောင်းဖြစ်တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သုံးသပ်ပါတယ်။

ပထမတော့ အမျိုးသားညီလာခံလုပ်ပြီး အင်ဒိုနီးရှားလို စစ်တပ်ကနေ အရပ်ဘက် ပြောင်းလဲသွားမယ်လို့ ယူဆခဲ့ပေမဲ့ အခုတော့ ရွေးကောက်ပွဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုံးအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကျန် ၇၅ ရာခိုင်နှုံး အနိုင်ရဖို့ ညွှန်ကြားချက်ရှိနေပုံရတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ရွေးကောက်ပွဲဝင်ကြမယ့်သူတွေဟာ စစ်တပ်ကနေ အရပ်ဘက်ကို ပြောင်းတဲ့လူတွေ ဖြစ်ပြီး လွှတ်တော်အသီးသီးမှာ နေရာယူကြမှာဖြစ်လို့ အသွင် သဏ္ဍန်ပြောင်းလဲသွားပေမဲ့ အနှစ်သာရက ပြောင်းလဲသွားမဲ့ပုံ မရှိဘူးလို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သုံးသပ်ပါတယ်။