ဦးတင်ဦးအား စုပေါင်းဂါရဝပြု

  • 10 အောက်တိုဘာ 2010
NLD ဦးတင်ဦး
Image caption NLD ဦးတင်ဦး

စင်္ကာပူနိုင်ငံကို မျက်စေ့ခွဲဖို့ရောက်နေတဲ့ NLD ပါတီဒုတိယဥက္ကဌ ဦးတင်ဦး ကိုစင်္ကာပူရောက် မြန်မာ တို့က တနင်္ဂနွေမနက်ပိုင်းက စုပေါင်းဂါရဝပြုခဲ့ကြပါတယ်။

အသက်ဂ၃ နှစ်အရွယ်ဦးတင်ဦးဟာ ဘယ်ဘက်မျက်လုံး အောင်မြင်စွာ ခွဲစိပ်နိုင်ခဲ့ပြီး ကျန်တဖက်ကတော့ အခြေအနေသိပ်မဆိုးလို့ ဒီတခေါက် မခွဲဖြစ်သေးဘူးလို့ သိရပါတယ်။

မြန်မာ တွေစင်္ကာပူမှာ ရောက်နေတုန်း ကိုယ့်ရဲ့ကိုယ်ပိုင်တိုးတက်မှုတွေလုပ်ဖို့လိုသလို တိုင်းပြည်အကျိုးလည်းသယ်ပိုးကြဖို့ ဦးတင်ဦးက တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် ပြည်ပကိုလာရောက်ဆေးကုရာမှာ ပူပင်မှုရှိပေမဲ့ လက်တွေ့မှာ အစစအရာရာ ကူညီးစောင့်ရှောက်ကြလို့ ပြည်သူတွေရဲ့ ကျေးဇူးကို ပိုမြင်တွေ့ရပြီး လူထုလိုချင်တဲ့ ဒီမိုကရေစီကို အသက်ထက်ဆုံးလုပ်ဖို့ ဆန္ဒပြုမိတယ်လို့ ဆုပေးစကားတွေနဲ့ အတူပြောကြားသွားကြောင်း အခမ်းအနား စီစဉ်သူ ကိုဝဏ္ဏက ဘီဘီစီကိုပြောပြပါတယ်။

အခုလာမဲ့ တပတ်အတွင်းဆေးစစ်ပြီးရင် မြန်မာနိုင်ငံကို ပြန်မယ်လို့လည်းသတင်းရရှိပါတယ်။