ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာနိုင်ငံခရီး

  • 11 အောက်တိုဘာ 2010
abhisit-vejjajiva
Image caption ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝေ့တ်ချာချီဝါ့

ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝေ့တ်ချာချီဝါ့ ဟာ ထိုင်း ထိုင်းကြည်းတပ် ဦးစီးချုပ် အပါအဝင် စီးပွားရေး နဲ့ လုံခြုံရေး ဆိုင်ရာ အရာရှိ တွေနဲ့ အတူ ကနေ့ မနက်မှာ နေပြည်တော် လေဆိပ် ရောက်မှာပါ။

ဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ တွေ့ရာမှာ နယ်စပ်ဂိတ် ပြဿနာ၊ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၊ အလုပ်သမား အရေး၊ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး စတာတွေ ပါဝင်မယ် လို့ ထိုင်းအစိုးရ ရုပ်မြင်သံကြား မှာ ပြောသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့လဲ တွေ့ဆုံပြီး၊ ညနေပိုင်းမှာ ရန်ကုန်မှ တဆင့် ဘန်ကောက်ကို ပြန်လာမှာပါ။

နိုဝင်္ဘာ ရ ရက် ရွေးကောက်ပွဲ မတိုင်ခင် ရောက်လာတဲ့ ဝန်ကြီးချုပ် အဖိစစ်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖေါ်ဆောင်နိုင်မဲ့ ချောမွေ့ တဲ့ ရွေးကောက်ပွဲ မြင်လိုပုံ ကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။