ဦးဌေးမြင့် ကို တရားခံ စာရင်း က နေ ပါယ်ဖျက် ပေး

  • 13 အောက်တိုဘာ 2010
Kachin state
Image caption ကချင် ဟူးကောင်း ချိုင့်ဝှမ်း မှာ လယ်မြေ အများ အပြား ကို ယုဇန က သိမ်းထား

ကချင် ပြည်နယ် ဖားကန့် မြို့နယ် ထဲ က ဧက ထောင် နဲ့ ချီ အရေအတွက် ရှိတဲ့ လယ်ယာ မြေ တွေ ကို ယုဇန ကုမ္ပဏီ က သိမ်းယူခဲ့မှု နဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ ၁၇ ဦး က ယုဇန ကုမ္ပဏီ ဥက္ကဌ ကို တရားစွဲဆို တဲ့ အမှု နဲ့ ပတ်သက်ပြီး ပြည်နယ် တရားရုံး က ကုမ္ပဏီ ဥက္ကဌ ဦးဌေးမြင့် ကို တရားစွဲခံရတဲ့ တရားခံ စာရင်း က နေ ပါယ်ဖျက် ပေး ကြောင်း မနေ့ က အမိန့် ချမှတ် လိုက်ပါတယ်။

တရားစွဲခဲ့ တဲ့ တောင်သူ ၁၇ ဦး ထဲ က တဦးဖြစ်တဲ့ ဒေါ်ဘောက်ဂျာ က ဦးဌေးမြင့် အနေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း အဖြစ် လာမယ့် ရွေးကောက်ပွဲ မှာ ဝင်ဖို့ ပြင်ဆင် နေတာ မို့ အခုလို တရားစွဲတာ ခံနေရရင် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အရ ရွေးကောက်ပွဲ ဝင်လို့ မရ မှာ မို့ တရားရုံး က အခုလို ဆုံးဖြတ် ပေးတယ် လို့ သူ ထင်မြင် ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒီ အမှု ကို လိုက်ပါဆောင်ရွက် ပေး နေတဲ့ ရှေ့နေ တဦး ဖြစ်တဲ့ ဦးကြည်မာခါး က လည်း ဦးဌေးမြင့် ဟာ လယ်ဟာမြေသိမ်းတဲ့ ကိစ္စ မှာ အဓိက ကျ တဲ့ သူမို့ ဒီ ဆုံးဖြတ်ချက် ဟာ ကျေနပ် စရာ မရှိတဲ့ အတွက် ပြင်ဆင်ပေးဖို့ အထက်ရုံး ကို တက်မယ် လို့ ဆိုပါတယ်။