စစ်ထောက်လှမ်းရေး ဗုံးနဲ့အတူမိ

  • 15 အောက်တိုဘာ 2010

ပဲခူးမြို့ ဇိုင်းကနိုင်းတောင်ပိုင်း ဟဒယ လဘက်ရည်ဆိုင်မှာ ဖေါက်ခွဲရေးပစ္စည်း တွေနဲ့အတူ လူတစ်ဦးကို နယ်မြေခံရဲနဲ့ သတင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

Image caption ရှေ့နေဦးအေးမြင့်ကတော့ ဖောက်ခွဲရေးပစ္စည်းနဲ့ အတူမိတာပါလို့ သေချာပြောပြပါတယ်

အဲဒီလူကို ရဲက စစ်ဆေးတဲ့အခါ ရန်ကုန်တိုင်း အရင်အခေါ် စစ်ထောက်လှမ်းရေး အခုခေတ် အခေါ် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)က တပ်ကြပ်တစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။

ဟဒယလဘက်ရည်ဆိုင်မှာ ဖေါက်ခွဲရေးသမား တစ်ဦးကို ဗုံးနဲ့အတူ ရဲက ဖမ်းမိတယ်ဆိုတာ လူတွေ စုရုန်းပြီး ပြောနေကြတယ်လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပဲခူးတံတားကြီးရဲ့အနောက်ဖက် ဇိုင်းကနိုင်း တောင်ပိုင်း ဟဒယလဘက်ရည်ဆိုင်မှာ ဗုံးခွဲတဲ့ပစ္စည်းအပြည့်အစုံနဲ့ လူတစ်ယောက်ကို ရဲကဖမ်းမိလို့ စစ်ဆေးတဲ့အခါ ရန်ကုန်တိုင်း စရဖ က ဖြစ်တယ်လို့ ဝန်ခံတဲ့အကြောင်း အခု ပဲခူး စရဖ ကိုအပ်ပြီး၊ သက်ဆိုင်ရာက ဆက်လက် စုံစမ်းစစ်ဆေး နေတယ်လို့ အာဏာပိုင် တွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။