ပြည်သူ့ဆန္ဒ ကို မဆန့်ကျင် ချင် လို့ ရွေးကောက်ပွဲ မဝင် တာလို့ ဒေါ်စု ပြော

  • 15 အောက်တိုဘာ 2010
suu kyi
Image caption ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် က ပြည်သူ့ဆန္ဒ ဖြစ် လို့ ဒေါ်စု က ပြော

၁၉၉၀ ရွေးကောက်ပွဲ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို တခဲနက် ထောက်ခံမဲ ပေးခဲ့ တဲ့ ပြည်သူ့ ဆန္ဒ ကို မဆန့်ကျင် လိုတဲ့ အတွက် အခု ထပ်လုပ်တဲ့ ရွေး ကောက်ပွဲ ကို သူကိုယ်တိုင်ကော၊ သူ့ပါတီ က ပါ မဝင်တာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြော ပါတယ်။

နေအိမ်ချုပ်ကျခံရတဲ့ အမှုကိစ္စ အယူခံ အတွက် သူ့ ရှေ့နေတွေ က ဒေါ်အောင်ဆန်းစုကြည် ကို သောကြာနေ့ က သွားရောက် တွေ့ဆုံ စဉ်မှာ အခုလို စကား ကို ပြောခဲ့တာ ဖြစ် ကြောင်း သူ့ရဲ့ ရှေ့နေ တဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ဘီဘီစီ ကို ပြော ပါတယ်။

အခု လာမယ့် ရွေးကောက်ပွဲ ပြီး သွားရင်လဲ ပြည်သူ့ဆန္ဒ အပေါ် ကို သာ ကြည့်တဲ့ အခြေခံမူ အပေါ်မှာ သာ ခံယူသွားမည့် လို့ လည်း ဒေါ်အောင်ဆန်း စုကြည် က ပြော ကြောင်း ဦးဉာဏ်ဝင်း က ဆို ပါတယ်။

အခု ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် ကို အိမ်နီးချင်း နိုင်ငံ တွေက ထောက်ခံ လိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ဆက်ကိုင်စွဲ ဖို့ လက်တွေ့မှာ ဖြစ်နိုင်ပါ့ မလား ဆိုတဲ့ ဘီဘီစီ ရဲ့ အမေး ကို တော့ ဦးဉာဏ်ဝင်း က လာမယ့် ရွေးကောက်ပွဲ ပြီးချိန် မှာ လူထု ဆန္ဒ အရ ဖြစ်လာသလား ဆိုတဲ့ အခြေအနေ တွေ က ပို ရှင်းလင်း သိသာ လာမယ့် အကြောင်း ဖြေကြား သွားပါတယ်။